စစ်ကောင်စီတပ်နဲ့ CNDF တို့ တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိ


မေလ ၁၄ ရက်၊ ဖလမ်း

ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)ရဲ့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၄ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဒီနေ့ည ၉ နာရီခွဲကျော်မှာ ထုတ်ပြန်ထားပါတယ်။

မိုင်တိုင်(၆၃)နဲ့ မိုင်တိုင် (၄၅)ကြားမှာ CNDF က နယ်မြေရှင်းလင်းရာ MA ကျည် (၁၂၀)၊ ၆၀ မမ ကျည်တစ်လုံး၊ ကျည်ဘောက်တစ်ခုတို့ကို သိမ်းဆည်းရမိပြီး အမျိုးသမီး အဝတ်စားလည်း တွေ့ရှိရတဲ့အတွက် စစ်ကောင်စီ ယာဥ်တန်းမှာ အမျိုးသမီးစစ်သည်ရဲမေလည်း ပါဝင်နိုင်​တယ်လို့ ဆိုပါတယ်။

သံချပ်ကာကား ၂ စီး၊ စစ်ကား (၂၆)စီးပါ စစ်တပ် ယာဥ်တန်းဟာ ချင်းပြည်နယ် ဖလမ်းမြို့ကနေ စစ်ကိုင်းတိုင်း ကလေးမြို့သို့ မေလ ၉ ရက်ကစပြီး ဆင်းသွားရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား (၁၂)ဦး သေဆုံးပြီးတော့ ဒဏ်ရာရသူ (၁၅)ဦးခန့်ရှိမယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က ပါရ်သဲနဲ့ ဇောင်လဲကျေးရွာရှိ လူနေအိမ်ထဲ သေဆုံးခဲ့တဲ့ စစ်သား အလောင်းတွေ ထည့်သွင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

မှတ်ချက်။ ။ စစ်လက်နက် အကြွင်းအကျန် အသိပညာပေး ထည့်သွင်းဖော်ပြထားပါတယ်။


Shwe Phee Myay News Agency 

စစ်ကောင်စီတပ်နဲ့ CNDF တို့ တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိ စစ်ကောင်စီတပ်နဲ့ CNDF တို့ တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိ Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.