မေလ ၉ ရက်၊ မင်းတပ်
မင်းတပ် CDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ CDF က ဒီမနက် ၁၀ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။
မေလ ၇ ရက်က မင်းတပ် CDF အရန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မနက် ၉ နာရီမှာတစ်ဦး၊ မိုင်တိုင်(၃၂)မှာ ညနေ ၅ နာရီကတစ်ဦးနဲ့ မိုင်တိုင်(၃၀-၃၁)မှာ ပြောက်ကျားတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က မိုင်တိုင်(၂၈)မှာ စစ်ကောင်စီတပ် နင်းမိုင်းမိပြီး သေဆုံးမှု ရှိနိုင်သလို မိုင်တိုင်(၂၇)မှာလည်း စစ်ယာဥ်တန်း ကားမိုင်း မိပြီးတော့ ယာဥ်အချို့ ပျက်စီးခဲ့ကြောင်းနဲ့ ဆိုးရွားလှတဲ့ ရာသီဥတုကြောင့် သေဆုံးပျက်စီးမှုကို တိကျစွာ ထုတ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ဖော်ပြထားပါတယ်။
Shwe Phee Myay News Agency
စစ်ကောင်စီနဲ့ မင်းတပ် CDF တို့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၇ ဦး သေ
Reviewed by THITHTOOLWIN
on
20:22
Rating:

No comments:
Post a Comment