မန္တလေး − ပြင်ဦးလွင် ကားလမ်းမှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ရဲတပ်ကြပ်တစ်ဦး ဒီနေ့မနက်ပိုင်း ၉ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံလိုက်ရပါတယ်။
မန္တလေး ကနေ ပြင်ဦးလွင်ကိုသွားလမ်းဖြစ်တဲ့ ၁၀၃ လမ်းမပေါ်မှာ ပစ်ခတ်ခံရလိုက်ရတာလို့ဒေသခံအချို့က ပြောပါတယ်။ အဲဒီရဲတပ်ကြပ် ဆိုင်ကယ်နဲ့သွားလာချိန် နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့အမျိုးသား နှစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားတာလို့သိရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ရဲ့ ဝဲဘက်လက်ပြင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ပြီး ဆေးရုံကိုပို့လိုက်ရပါတယ်။
ဒီနေ့မနက်ပိုင်းကလည်း မန္တလေး၊ပုသိမ်ကြီးမြို့နယ် တဲကုန်းရွာက အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရလိုကသေဆုံးသွားပါတယ်။
People's Spring
မန္တလေး−ပြင်ဦးလွင်မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ရဲတပ်ကြပ်တစ်ဦးသေနတ်နဲ့ပစ်ခံရ
Reviewed by THITHTOOLWIN
on
00:07
Rating:

No comments:
Post a Comment