![]() |
(စစ်ကောင်စီတပ်က သေဆုံးစစ်သားအလောင်းမီးရှို့ထားခဲ့မှု ။ ။ဓါတ်ပုံ-CJ) |
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့်ဒီပဲယင်းနယ်အစပ်တွင် စစ်ကောင်စီတပ်က သေဆုံးစစ်သားများ၏ အလောင်းများကိုမီးရှို့ ပြီးထားခဲ့သွားကြောင်း ရေဦးပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ပြောသည်။
ယမန်နေ့(မေလ ၁၉ရက်နေ့) ညနေ ၄နာရီခန့်က ရေဦးမြို့မှ ထွက်လာသည့် စစ်အုပ်စုကို ပေါက်သာရွာအနီးတွင် ရေဦးပကဖ ၊ ရေဦးPDF နှင့် ပလဖ(ပြည်သူ့လုံခြုံရေးအဖွဲ့)တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ဆက်လက်၍ ရေဦးပကဖ၊ဒီပဲရင်း ပကဖ နှင့် ပလဖ ပူးပေါင်းအဖွဲ့တို့က ဒုတိယမိုင်းဆွဲပြီးလက်နက်ငယ်ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများထပ်မံသေဆုံးခဲ့ကြောင်းရေဦးပကဖ ကပြောသည်။ ထို့အပြင်သေဆုံးစစ်သားများ၏ရုပ်အလောင်းများကို ၎င်းတို့ကိုယ်တိုင်မီးရှို့ထားခဲ့ကြောင်း ရေဦးပကဖ အဖွဲ့က ပြောသည်။
ယနေ့ မေလ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ဖန်းကာဇင်ရွာနှင့် ချောင်းရိုးရွာကိုမီးရှို့ဖျက်ဆီးနေကြောင်းလည်း ဒေသခံများက ပြောသည်။
ယမန်နေ့ညနေ၅နာရီခန့်က အကြမ်းဖက်စစ်တပ်သည် ပေါက်သာကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသော အပြစ်မဲ့ပြည်သူများကို လက်နက်ကြီးဖြစ်ပစ်ခတ်ခဲ့၍ ၁၃ ဦး လက်နက်ကြီးထိမှန်ကာ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။သေဆုံးသူငါးဦးမှာ အသက် ၂၇ နှစ်မှ ၅၂ နှစ်အတွင်း အမျိုးသားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် မေလ ၁၉ ရက်နံနက်ပိုင်းမှစတင်ကာရေဦးမြို့နယ်၊ ဇိမ့်ဇွန်းကျေးရွာ၊မူးသာကုန်းကျေးရွာ၊ပိဋကတ်ကျကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် နေ့လယ်ပိုင်းတွင်ရေဦး နှင့် ဒီပဲယင်း နယ်အစပ် စစ်ကြောင်းထိုးလာရာတွင်လည်းလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းနယ်အတွင်းပါ ဝင်ရောက်ပစ်ခတ်နေသဖြင့် ရေဦး၊ ဒီပဲယင်းနယ်စပ်ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
People's Spring

No comments:
Post a Comment