ယင်းမာပင်နှင့် ခင်ဦးမြို့နယ်များမှ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီတပ်တွေမီးရှိုပြီး ပစ္စည်းများလုယူကာ ဒေသခံ ၂ ဦးကိုသတ်ဖြတ်
![]() |
ဓာတ်ပုံ-CJ |
မေလ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊နှောရိုးကျေးရွာနှင့် ရွာသာယာကျေးရွာတို့ကို ယနေ့မေလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်များဝင်ရောက်လာပြီး ဒေသခံများ ၏နေအိမ်များကိုမီးရှို့ဖျက်စီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကိုလုယူကာ ဒေသခံပြည်သူ ၁ ဦးကိုပါ သေနတ်ဖြင့်ပစ်သတ်ခဲဲ့ကြောင်းဒေသခံများထံကသိရသည်။
ပစ်သတ်ခံရသူမှာ နှောရိုးရွာက ကိုအောင်ဇော်သိန်းဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် အဆိုပါရွာ ၂ ရွာမှ နေအိမ် ၂၇ လုံးထက်မနည်း ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု ဒေသခံတဦးကဆိုသည်။
"ဒီနေ့မနက်ပိုင်းမှ စစ်တပ်ကရွာထဲဝင်လားပီး ရှိသမျှပစ္စည်းတွေကိုယူတယ်။ အဖိုးတန်တဲ့ဟာမှန်သမျှ ပစ္စည်းယူပီးလို့မကျေနပ်သေးဘူး။ အိမ်တွေပါမီးရှို့ပီး ကိုအောင်သိန်းဇော်ကိုလဲ ရက်ရက်စက်စက်သေနတ်နဲ့ပစ်သတ်သွားကြတယ်။အားလုံးလဲနေစရာနေရာမရှိတော့ပါဘူး စစ် တပ်ရဲ့ယုတ်မာမှုကြောင့် ဒုက္ခတွေရောက်နေကြရပြီးစား စရာတွေလဲ မရှိတော့ပါဘူး" ဟု နှောရိုးရွာက ဒေသခံတဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲတွင် စစ်တပ်ဘက်မှအထိနာနေပြီး လက်နက်မရှိသည့်ဒေသခံပြည်သူတွေရဲ့နေအိမ်များကို အနိုင်ကျင့် ထင်ရာလုပ်နေကြခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
ထို့အတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ယနေ့မနက်ပိုင်းမှာပင်မြို့သစ်ရွာဒေသခံ ဦးမြင့်စိုးကိုလည်း သေနတ် ဖြင့် ပစ်သတ်ပြီး သိမ်တော်ရွာကို ဝင်ရောက်၍ မီးရှို့ဖျက်စီးကာ ပစ္စည်းများ အဓမ္မယူဆောင်သွားကြောင်း ခင်ဦးဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်တွေရဲ့ပစ်သတ်ချင်းခံရသည့် ကိုအောင်ဇော်သိန်း ရုပ်အလောင်းကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း၂ က ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ယင်းမာပင်မြို့နယ်နှင့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုအကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ထိုးစစ်ဆင်နေမှုကြောင့် ဒေသခံအများအပြားထွက်ပြေး၍ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံကသိရသည်။
Ayeyarwaddy Times

No comments:
Post a Comment