မော်လမြိုင်က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်

ပုံစာ- ဗုံးပေါက်ကွဲပြီးနောက် မော်လမြိုင်မြို့ရှောင်လမ်း ပိတ်ဆို့ထားစဉ် မြင်ကွင်း။

မော်လမြိုင်၊ မေ ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ မြေနီကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးမှာ မေ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦးတချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။

 “မြေနီကုန်း အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်တာ၊ ဗုံးအသံကတော့ တော်တော်ကျယ်တယ်၊ ထိခိုက်မှု ရှိမရှိတော့ မသိရဘူးဗျ၊ ဗုံးပေါက်ပြီး ရဲတွေ ရောက်လာတယ်၊ ပြီးတော့ လမ်းပိတ်ပြီး ကားတွေ ဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေးတာတွေ လုပ်သွားတယ်”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

ဒေသခံတွေအဆိုအရ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်‌တွေက လမ်းပိတ်ဆို့ ပြီး ရှာဖွေတာတွေ ပြုလုပ်သွားသလို မြို့အနှံ့ လှည့်ကင်း၊လှည့်ပတ်ကင်းတွေနဲ့ လှည့်လည် စစ်ဆေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတာဟာ နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ရတာ ဖြစ်တယ်လို့ မွန်ပြည်နယ် တောင်ပိုင်းတိုင်း UG တာဝန်ခံက ပြောပါတယ်။

“မြေနီကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ကျွန်တော်တို့ မွန်ပြည်နယ် တောင်ပိုင်းတိုင်း UG အဖွဲ့က မိုင်း(၃)လုံး ဖောက်ခွဲ နိုင်ခဲ့ပါတယ်၊အခု စစ်ဆင်ရေးက နန်းထိုက်အောင် စစ်ဆင်ရေး ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

မော်လမြိုင်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတချို့ အပါအဝင် စစ်ကောင်စီတပ်နေရာတချို့ ဗုံးဖောက်ခွဲခံထားရပါတယ်။


Than Lwin Times 

မော်လမြိုင်က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ် မော်လမြိုင်က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ် Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.