နတ်တလင်းတွင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်သား (၁၂) ဦးသေဆုံး


မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ကွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ရွာကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစစစ်ကြောင်းအား နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MRF - Nattalin မှ မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖ်စကစတပ်သား (၈) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယမန်နေ့ မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင်လည်း ညောင်လေးပင်နှင့် ကွေ့ကြီးကျေးရွာကြားသို့ အင်အား (၁၃) ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစတပ်အား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စကစတပ်သား (၄) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိသွားကြောင်း MRF Nattalin ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စကစတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။


PDF Newsflash

နတ်တလင်းတွင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်သား (၁၂) ဦးသေဆုံး နတ်တလင်းတွင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်သား (၁၂) ဦးသေဆုံး Reviewed by THITHTOOLWIN on 05:46 Rating: 5

No comments:

Powered by Blogger.