ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တာဝန်ကျ ဗိုလ်ကြီးက ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်၊ ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ အခင်းဖြစ်ပွားသည့် မေ ၂၀ ညပိုင်း အမြန်လမ်းပိတ်ထားခဲ့

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

ရန်ကုန်၊ မေ ၂၂ 

ရန်ကုန်-မန္တလေး အမြန်လမ်း တွင် မေလ ၂၀ ရက်နေ့ ညပိုင်း တာဝန်ကျ ဗိုလ် ကြီး က မူးယစ်ဆေးဝါး သုံးစွဲ ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်ရာ ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း နေပြည် တော် စစ်ဘက်သတင်းရပ်ကွက်က အတည်ပြုပြောဆိုသည်။ 

မေလ ၂၀ ရက်နေ့ ည ၇ နာရီခွဲကျော်အချိန်  မူးယစ်ဆေးဝါး သုံးစွဲသူ လုံခြုံရေးတာဝန်ကျ ဗိုလ်ကြီးက ကားပေါ်တွင် လိုက်ပါလာသူ အခြားဗိုလ်ကြီးနှင့် စစ် သားများကို ပစ်ခတ်ခြင်းဖြစ်ပြီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် မေလ ၂၀ ရက်နေ့ ညပိုင်း အမြန်လမ်းကို ည ၈ နာရီမှ ည ၁၀ နာရီကျော်အထိ ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။ 

"ဖြစ်စဉ်ကတော့ တာဝန်ထမ်းနေတဲ့ ဗိုလ်ကြီးက စိတ်ကြွဆေးပြား ပုံမှန်သုံးနေရာက ဆေးကွဲပြီး  စစ်ကားပေါ်လိုက်လာတဲ့ ဗိုလ်ကြီးတစ်ဦးနဲ့ အခြားစစ် သားတွေကို ပစ်ခတ်တာ။ ပစ်ခတ်ခံရသူ ဗိုလ်ကြီး ၁ ဦးသေပါတယ်။ ၃ ဦးဒဏ်ရာရတယ်။ ပစ်ခတ်တဲ့ ဗိုလ်ကြီးဆီမှာ စိတ်ကြွဆေးပြား WY တွေတွေ့တယ်။  ဖြစ်တာက ၁၄၉ မိုင်နားမှာ ဖြစ်တာ" ဟု နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်က ပြောဆိုသည်။ 

မူးယစ်ဆေးဝါး သုံးစွဲပြီး အချင်းချင်း ပြန်လည် ပစ်ခတ်သူ ဗိုလ်ကြီးကို နေပြည် တော် စစ်ဌာနချုပ်က ပြန်လည်ခေါ်သွားယူကြောင်း ၊ လက်ရှိတွင် အရေးယူခြင်း ရှိ၊ မရှိကို မသိရသေးကြောင်း စစ်ဘက် သတင်းရပ်ကွက် အဆို အရ သိရှိရသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများ မြင့်တက်လာနေပြီး ပြည်သူများ၏ နေအိမ်များကို မီးရှို့ရန်နှင့် ပြည်သူများကို သတ်ဖြတ်ရန်အတွက် ရဲဆေးတင်သည့်အနေဖြင့် စစ်သားများက မူးယစ်ဆေးဝါးများ သုံးစွဲကြခြင်းဖြစ်ကြောင်း၊ စစ်တပ်ထိပ်ပိုင်းကလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများကို လျစ်လျူရှုထားကြောင်း စစ်ဘက်သတင်းရပ်ကွက် ပြောဆိုသည်။ 


မျက်မှောက်ခေတ် 

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တာဝန်ကျ ဗိုလ်ကြီးက ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်၊ ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ အခင်းဖြစ်ပွားသည့် မေ ၂၀ ညပိုင်း အမြန်လမ်းပိတ်ထားခဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တာဝန်ကျ ဗိုလ်ကြီးက ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်၊ ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ အခင်းဖြစ်ပွားသည့် မေ ၂၀ ညပိုင်း အမြန်လမ်းပိတ်ထားခဲ့ Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.