ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာ​သောရဲနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီးဒဏ်ရာဖြင့်ထွက်​ပြေး


မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီ၏ ရဲနှစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးသွားပြီးနောက် တစ်ဦးသေဆုံးကြောင်း ဝမ်းတွင်းမြို့နယ်၊တော်လှန်ရေးအင်အားစု WTRF က ပြောသည်။

ယနေ့ (မေလ ၂၁ ရက်နေ့) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအနောက်ဖက် ၁၀မိုင်၊ အမြန်လမ်းအရှေ့ဖက် ၇မိုင်အကွာရှိ ကုလားရွာသို့ ရဲနှစ်ဦး ဆိုင်ကယ်တစ်စီးစီ​ဖြင့် ကင်းလှည့်လာစဉ် တိုက်ခိုက်ခဲ့ခြင်း​ဖြစ်ကြောင်း WTRF က ပြောသည်။

ရဲနှစ်ဦးမှာ တစ်ဦး(၂)ချက်၊ နောက်တစ်ဦး(၄)ချက်ထိပြီး ဒဏ်ရာရနှစ်ဦးလုံး ဆိုင်ကယ်တစ်စီးထဲစီးကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်တစ်စုံနှင့် အခြားစာရွက်စာတမ်းအချို့ သိမ်းဆည်းရမိကြောင်း WTRF တာဝန်ရှိသူက ပြောသည်။

"ဝမ်းတွင်းမြို့နယ် ကုလားရွာကျေးရွာ ကို လာတဲ့ ရဲ​​ွေး၂ကောင်ကို လမ်းက ဖြတ်တိုက်တာပါ။ ဆိုင်ကယ်တစ်ယောက်တစ်စီး လာတာ ဒဏ်ရာတွေနဲ့ အော်ပြီး ၂ယောက်တစ်စီး မောင်းပြေးသွားတာ။ အသက်ငင်နေပါပြီ။ ပင်းတလဲ ရဲစခန်းဝမ်းတွင်းရဲစခန်းနဲ့ သိပ်မဝေးလို့ လုံခြုံရေးအရ ဆုတ်ခဲ့ရတယ်။ ထပ်မံသိရတာက တစ်ဦးသေဆုံးပါတယ်" ဟု WTRF တာဝန်ရှိသူက People's Spring သို့ပြောသည်။

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု WTRF သည် မေလ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း ဝမ်းတွင်းမြို့အထွက် သဲတောရွာအနီးတွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။


People's Spring 

ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာ​သောရဲနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီးဒဏ်ရာဖြင့်ထွက်​ပြေး ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာ​သောရဲနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီးဒဏ်ရာဖြင့်ထွက်​ပြေး Reviewed by THITHTOOLWIN on 20:30 Rating: 5

No comments:

Powered by Blogger.