![]() |
မြိုင် PDF တိုက်ခိုက်ခဲ့သည့် ပေပါမိုင်း |
မြိုင်၊ မေ ၂၇၊ ၂၀၂၂။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၂၇ ရက် ဒီနေ့နေ့လည်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီတပ်သားတွေဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။
အင်အား ၁၇၀ ပါတဲ့ စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်၊ နယ်သတ်ရွာနဲ့ တဲကြီးရွာအကြားမှာ ပေပါမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃၀ နီ:ပါး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဗိုလ်လက်ရာက ခန့်မှန်းပါတယ်။
“ နယ်သတ်နဲ့ တဲကြီးအကြားမှာ နေ့လည် ၂ နာရီခွဲလောက်က ပေပါမိုင်း ၂ လုံးဆွဲလိုက်တယ်၊ နောက်တခါ မိုင်းသန်မံ အသေးလေး ၇ လုံးဆွဲလိုက်တယ်၊ သေတာကတော့ အဲဒီနားမှာလှမ်းကြည့်တာ အယောက် ၃၀ လောက်ရှိတယ်၊၊ ၁၀ ယောက်လောက်က ပတ်ပြေးပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းထုနေတာ၊ ကျနော်တို့ထောင်ထားတဲ့မိုင်းတွေက တလုံးနဲ့တလုံးက သိပ်မဝေးဘူး၊ ပေ ၅၀ ဝန်းကျင်ပဲဝေးပါတယ်။“လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာလည်း အဆိုပါ အင်အား ၁၇၀ ကျော်ပါ စစ်ကြောင်းဆီကို ပူးပေါင်းဖို့လာတဲ့ စစ်သား ၃၀ ကျော်ကို ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်ကျေးရွာတောင်ဘက်က ရွာအထွက်မှာ မြိုင် PDF က မိုင်း ၁၆ လုံးဆွဲတိုက်ခိုက်ခဲ့လို့ စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment