ရှမ်းမြောက်မှာ စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေ တိုက်


17 May 2022 

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာအထက်တွင် ယမန်‌နေ့ည ၁၁နာရီခန့်တွင် စစ်ကူ‌ရောက်လာသည့်စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေမှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အဓိကတော့ မူဆယ်ဘက်က ဆင်းလာတဲ့ ယာဥ်တန်းကို ပစ်တာပေါ့။ တော်တော်ထိတယ်လို့ပြောတယ်။ အဲ့ဒီစစ်ကားတွေက စစ်ကူလာတဲ့ကားလို့ သိရတယ်။ ထိခိုက်တာများတော့ ရပ်သွားတယ်"ဟုဒေသခံတစ်ဦးကပြောသည်။ 

တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်းမှ ကားသုံးစီးမှောက်သွားပြီး ၎င်းစစ်ကောင်စီယာဥ်တန်းမှ အချို့သည် ကွတ်ခိုင်မြို့အခြေစိုက်ဗျူဟာသို့ ရောက်လာကြောင်း သိရသည်။ 

မေလ ၁၂ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့နယ်၊ ကောင်းလိန်ကျေးရွာအနီး မန်လုံကျေးရွာ လမ်းခွဲ၌ စစ်ကာင်စီတပ်စစ်ကြောင်းကို ကေအိုင်အေက ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၅ယောက် သေဆုံးခဲ့သည်။


Kachinwaves

ရှမ်းမြောက်မှာ စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေ တိုက် ရှမ်းမြောက်မှာ စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေ တိုက် Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.