ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒီး/ကျေးရွာအုပ်စု၊ ဒေါငံခါးကျေးရွာတွင် ယနေ့ မေလ၁၇ ရက်နေ့ နံနက်၁၁နာရီမှ ၁နာရီထိ ၂နာရီကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ဦးခန့် သေဆုံးခဲ့ကြောင်း DMO-PDF ကထုတ်ပြန်ထားပါတယ်။
ထိုတိုက်ပွဲတွင် ဒေါငံခါးကျေးရွာရှိ ပြည်သူနေအိမ်ပေါ်တွင် တပ်စခန်းချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) တပ်၊ ဗျူဟာ ၁ A,B,J,F တပ်ရင်း၊အလယ်ပိုင်းတိုင်း(၁၁၀၂) တပ်ရင်း၊ လွိုင်ကော် PDF နှင့် KRU မဟာမိတ်တပ်ဖွဲ့အချို့တို့ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲအပြီးသေဆုံးသွားတဲ့ စကစတပ်ဖွဲ့ဝင်များရဲ့ ရုပ်အလောင်း ၅လောင်းကိုကားဖြင့်ပြန်လည် သယ်ယူနေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် ပြည်သူတွေရဲ့ နေအိမ်ပစ္စည်းများအား ခိုးယူဖျက်စီးနေသော စစ်ကောင်စီတပ်အား ကျဆုံးသည့်အထိတိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် စကစမှ ကျေးရွာအတွင်းတွင် မြေမြုပ်မိုင်း၊ တိုက်မိုင်း အများအပြားထောင်ထားနေတာကို တွေ့ရှိရတဲ့အတွက် စစ်ဘေးရှောင်မိဘပြည်သူများအနေဖြင့် နေရပ်သို့ ပြန်လည် ဝင်ရာက်ခြင်း မပြုလုပ်ကြရန် DMO -PDF မှ ထပ်မံအသိပေး ထားပါတယ်။
Photos # DMO-PDF
KnIC

No comments:
Post a Comment