မန္တလေး နန်းတွင်းထဲက ထွက်လာတဲ့ စကစ ထောက်ပို့ကားတွေကို မန္တလေး - မုံရွာလမ်းမှာ မိုင်းဆွဲ၊ စကစ နှစ်ဦးသေ ဟုဆို
မေ ၁၉
မန္တလေး နန်းတွင်းထဲက ထွက်လာပြီး မုံရွာဘက် သွားနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ထောက်ပို့ကားသုံးစီးကို မနေ့က ညပိုင်းအချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ကားတစ်စီး မိုင်းထိပြီး စကစ နှစ်ဦး သေတယ်လို့ MNRF ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မနေ့က မေ(၁၈)ရက် ည(၉)နာရီက မန္တလေး - မုံရွာ ကားလမ်း၊ မြင်းမူမြိုနယ် နဘဲကြူးကွေ့အနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်ပို့ကားတွေကို Moe Nyo Revolution Force M.N.R.F က ဦးဆောင်ပြီး PEOPLE REVOLUTION FORCE P.R.F နှင့် PENTAGRAM ငါးထောင့်ကြယ် ညီနှောင် သုံးဖွဲ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခွေးကားတစ်စီး နေရာတွင် ထိုးရပ်သွားပြီး ကားမောင်းသည့် ခွေးအပါဝင် ကားပေါ် ပါလာသော ခွေးနှစ်ကောင် နေရာတွင် ပွဲချင်းပြီး သွားခဲ့ပါသည်။ မိမိတို့ ရဲဘော်များ အကျဆုံး မရှိ ဆုတ်ခွာနိုင်ခဲ့သည်” လို့ MNRF က ဖော်ပြပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း မြိုကနယ် အများအပြားကို အင်တာနက် ဖြတ်တောက်ထားပြီး အင်အားအများအပြားနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ရရာလက်နက်နဲ့ အကြမ်းဖက် စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment