ရေစကြိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က ၂၂ ယောက်သေ (ရုပ်သံ)
မဲခေါင်၊ မေ ၁၄
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် Burmese Guerrilla Force - BGF (Myingyan) အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့တို့ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် မေ ၁၂၊ ၁၃ ရက်တွင် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မေလ (၁၂) ရက်တွင် ဘိစပ်ကုန်းရွာနှင့် လှေကုပ်ရွာမှ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။
မီးရှို့ပြီးနောက် စစ်ကောင်စီလက်ပါးစေများ ထွက်ခွာလာကြစဥ် ညနေ (၃) နာရီ မိနစ် (၃၀) ခန့်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်များသည် လမ်းကြောင်းမှ ဖြတ်တောက်၍ စစ်ကောင်စီ လက်ပါးစေ စခများ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြာမြင့်ချိန်မှာ (၁) နာရီခန့်ရှိပြီး ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ၂၂ ယောက်သေဆုံးကြောင်း ထုတ်ပြန်သည်။
မေလ (၁၃) ရက်နေ့တွင် လှေကုပ်ရွာအား စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်စီးခဲ့ကြသည်။မီးရှို့ဖျက်စီးခဲ့သော လှေကုပ်ရွာအား မီးငြှိမ်းသက်ရန် ပြည်သူ့ကာကွယ်ရေးတပ်များမှ သွားရောက်ချိန်တွင် တစ်ဦးကျည်ထိမှန်ခဲ့ပြီး ကျဆုံးခဲ့သည်။
MeKong News - မဲခေါင်သတင်း

No comments:
Post a Comment