ပုသိမ်ကြီးမြို့နယ်ထဲက ရှမ်းခေါက်ဆွဲရောင်းတဲ့ စစ်အုပ်စုသတင်းပေး သေနတ်နဲ့ သုံးချက်ပစ်ခံရ၊ သေမသေ မသိရသေး

ဓာတ်ပုံ၊ ပေးပို့ 

မေ - ၁၆ 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ကျေးရွာမှာ ရှမ်းခေါက်ဆွဲအရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ စစ်အုပ်စုသတင်းပေးတစ်ဦးဟာ ဒီနေ့ညနေပိုင်းမှာ သေနတ်နဲ့ သုံးချက် အပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

နန္ဒာမြောက်ရွာတောင်ဖက် ကွက်သစ်မှာနေတဲ့ ဦးစန်းယုလွင်ဆိုသူဟာ ဒီနေ့ညနေ လေးနာရီခွဲလောက်က နေအိမ်မှာရှိနေစဉ် ဆိုင်ကယ်သုံးစီးနဲ့ လူငယ်တွေရောက်လာပြီး ဦးစန်းယုလွင်ရဲ့ ဝမ်းဗိုက်မှာ နှစ်ချက်၊ ယာခြေသလုံးမှာတစ်ချက် ပစ်ခတ်ခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ MFP ရဲ့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။ 

ဆေးရုံကို တင်ပို့ကုသစဉ် သေဆုံးသွားတယ်လို့ သတင်းထွက်နေပေမယ့် လတ်တလော အတည်မပြုနိုင်သေးပါဘူး။ 

အဲဒီပစ်ခတ်မှုပြီးတဲ့နောက် စစ်အုပ်စုဟာ ထုံးစံအတိုင်း နန္ဒာမြောက်ရွာကို ဝင်ရောက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကို မသိရသေးပါဘူး။ 


Mandalay Free Press - MFP

ပုသိမ်ကြီးမြို့နယ်ထဲက ရှမ်းခေါက်ဆွဲရောင်းတဲ့ စစ်အုပ်စုသတင်းပေး သေနတ်နဲ့ သုံးချက်ပစ်ခံရ၊ သေမသေ မသိရသေး ပုသိမ်ကြီးမြို့နယ်ထဲက ရှမ်းခေါက်ဆွဲရောင်းတဲ့ စစ်အုပ်စုသတင်းပေး သေနတ်နဲ့ သုံးချက်ပစ်ခံရ၊ သေမသေ မသိရသေး Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.