မုံရွာ - မန္တလေးလမ်းပိုင်းတွင် မဟာမိတ်ညီ​​​​နောင်အဖွဲ့များနှင့် ပျူစောထီးနှစ်ဦး ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုဖြစ်၊ ပျူတစ်ဦးသေ တစ်ဦးဒဏ်ရာရ


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ - မန္တလေးလမ်းပိုင်းပေါ်တွင် မဟာမိတ်ညီ​​​​နောင်အဖွဲ့များနှင့် ပျူစောထီးနှစ်ဦး ထိပ်တိုက်တွေ့၍ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျူစောထီးတစ်ဦးသေဆုံးကြောင်း Monywa Heroes Groupက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မေလ ၁၄ ရက် ညနေ ၃နာရီခွဲခန့်က မဟာမိတ်ညီနောင်အဖွဲ့များ စစ်ဆင်ရေးတစ်ခုအတွက် ခရီးသွားနေစဥ် သေနတ်ကိုင်ဆောင်လာသော တောပုကျေးရွာမှ ပျူစောထီး နှစ်ဦးနှင့် ကူတောပလ္လင်ရွာ တောင်ပုံ(လမ်းခွဲ)အနီးတွင် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်ကြောင်း Monywa Heroes Groupက ယမန်နေ့ (မတ်လ ၁၈ ရက်)တွင် အသိပေးသည်။

ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီး တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရသွားသည်ဟု မဟာမိတ်ညီနောင်အဖွဲ့များက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တောပုရွာမှပျူစောထီးများသည် ကူတောပလ္လင်ရွာသို့ လာရောက်၍ သေနတ်များပစ်ဖောက်ပြီး ကြိမ်းမောင်းသွားသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု မဟာမိတ်ညီနောင်အဖွဲ့ရဲဘော်များက ပြောသည်။ 

အဆိုပါပစ်ခတ်မှုကြောင့် ကူတောပလ္လင်ရွာနှင့်အနီးဝန်းကျင်ကျေးရွာများမှပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည့်အတွက် တောင်းပန်ကြောင်း Special Forces-11၊ Monywaနှင့် Heroes Group၊ Monywa Truth Of Forceအဖွဲ့ မဟာမိတ်ညီနောင်အဖွဲ့ရဲဘော်များက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မဟာမိတ်ညီနောင်အဖွဲ့များအား ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

တောပုရွာတွင် ပျူစောထီးများ များစွာရှိပြီး ၎င်းပျူစောထီးများလည်း မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည်။


People's Spring 

မုံရွာ - မန္တလေးလမ်းပိုင်းတွင် မဟာမိတ်ညီ​​​​နောင်အဖွဲ့များနှင့် ပျူစောထီးနှစ်ဦး ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုဖြစ်၊ ပျူတစ်ဦးသေ တစ်ဦးဒဏ်ရာရ မုံရွာ - မန္တလေးလမ်းပိုင်းတွင် မဟာမိတ်ညီ​​​​နောင်အဖွဲ့များနှင့် ပျူစောထီးနှစ်ဦး ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုဖြစ်၊ ပျူတစ်ဦးသေ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:56 Rating: 5

No comments:

Powered by Blogger.