ရွာငံမှာ သတင်းပေးတွေကို မရှင်းလင်းနိုင်လို့ဆိုပြီး စစ်ကောင်စီက ပျူစောထီး ခေါင်းဆောင် ၂ ဦးကို ပစ်သတ်


မေလ ၂၀ ရက်၊ ရွာငံ

ရှမ်းတောင် ရွာငံမြို့နယ်ထဲက ပျူစောထီးခေါင်းဆောင် ၂ ဦးကို စစ်ကောင်စီက သတင်းပေးသူတွေကို မရှင်းလင်းပေးနိုင်ခဲ့ဘူးဆိုပြီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ပျူစောထီးခေါင်းဆောင် ၂ ဦးဟာ ဦးကျော်သိန်းနဲ့ ဦးခင်မောင်သိန်းတို့ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၅ ရက်က မင်းပလောင်ကျေးရွာမှာ ပစ်သတ်ခံရတာပဲ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “သူတို့နှစ်ယောက်က စစ်တပ်ရဲ့ သက်တော်စောင့်တွေတဲ့။ စစ်သားတွေရဲ့အရှေ့မှာပဲ ပစ်ခံရတာ။ ကျနော်ကြားတာကတော့ စကစက အဲဒီ ပျူစောထီး ၂ ယောက်ကို သတင်းပေးတွေကို ရှင်းလင်းခိုင်းတာ။ သူတို့ ၂ ယောက် မရှင်းပစ်နိုင်တော့ ပြန်သတ်ခံရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ရွာငံမြို့နယ်ထဲမှာ အင်အားတွေ ဖြည့်တင်းထားပြီး ဒေသခံနေအိမ်တွေ ဝင်မွှေနှောက်တာတွေအပြင် တချို့နေအိမ်ကို မီးရှို့တာတွေလည်း ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာ နဘန်းကြီးကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ခဲ့သလို ၁၆ ရက်မှာလည်း လယ်ကိုင်းရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။


Shwe Phee Myay News Agency 

ရွာငံမှာ သတင်းပေးတွေကို မရှင်းလင်းနိုင်လို့ဆိုပြီး စစ်ကောင်စီက ပျူစောထီး ခေါင်းဆောင် ၂ ဦးကို ပစ်သတ်  ရွာငံမှာ သတင်းပေးတွေကို မရှင်းလင်းနိုင်လို့ဆိုပြီး စစ်ကောင်စီက ပျူစောထီး ခေါင်းဆောင် ၂ ဦးကို ပစ်သတ် Reviewed by THITHTOOLWIN on 18:39 Rating: 5

No comments:

Powered by Blogger.