လက်ယက်မရွာကို မီးရှို့ကာ ပြန်လာသော စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး


မေ ၁၇၊ ၂၀၂၂ ခုနှစ်။

မြိုင်မြို့နယ် Pdf အဖွဲ့အစည်းများ ၊ရေစကြိုမြို့နယ် Pdf အဖွဲ့အစည်းများနှင့် ပခုက္ကူ Pdf အဖွဲ့အစည်းများပူးပေါင်းကာ လက်ယက်မကျေးရွာအား မီးရှို့ဖျက်ဆီးကာပြန်လည်ဆုတ်ခွာလာသော ပျူစောထီးနှင့် အကြမ်းဖက်စစ်အုပ်စုကို မေလ ၁၅ရက်နေ့ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ၇ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ဂဠုန် ပြောက်ကျားတပ်ဖွဲ့ - မြိုင် နှင့် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခက်ခြင်း၊အပြန်အလှန် ပစ်ခက်ခြင်းများကို အချိန် ၁ နာရီခွဲခန့်ကြာသည်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

PDF ရဲဘော်အားလုံး အထိအခိုက်အကျအ ဆုံး မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၄) နှစ်အရွယ် ပြည်သူ တစ်ဦး ကျဆုံးခဲ့ရပါသည်။


သံလွင်ခက် - Than Lwin Khet News

လက်ယက်မရွာကို မီးရှို့ကာ ပြန်လာသော စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး လက်ယက်မရွာကို မီးရှို့ကာ ပြန်လာသော စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.