မေလ ၂၅ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေလ ၂၅ ရက်နေ့ မနက်ပိုင်းက ပျူစောထီးအဖြစ်နာမည်ကြီးနေတဲ့ ကိုတင်မော်ဆိုတဲ့သူကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
ဆန်းကြယ်ကျေးရွာမှာနေတဲ့ အသက် ၅၀ အရွယ် ကိုတင်မော်ဆိုတဲ့သူကို ဒီကနေ့ မနက် ၁၀ နာရီ ကျော်လောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့လာရောက်ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး အပစ်ခံရတဲ့သူကတော့ သေသွားပြီ အဲ့ရွာမှာ ပြီးခဲ့တဲ့ လကလည်း တစ်ယောက်ပစ်သတ်ခံရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဆန်းကြယ်ကျေးရွာမှာ ဧပြီလပိုင်းကလည်း ပျူစောထီးအဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ မေလ အတွင်း စစ်ကောင်စီတပ်သားတွေက စစ်ရေးလှုပ်ရှားမှုတွေပိုးများလာတာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA အကြာ စစ်ရေးတင်းမာမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။
Ayeyarwaddy Times

No comments:
Post a Comment