ကား၂စီးမိုင်းဆွဲခံရလို့ စစ်ကောင်စီက ခင်ဦးမှာ ရွာ ၂ ရွာရဲ့ နေအိမ်အချို့ကို တနေ့တည်းမီးရှို့


ခင်ဦး၊ မေ ၁၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကာဆိပ်ရွာနဲ့ မကျီးအုပ်ရွာကို မေလ ၁၂ ရက် မနေ့က တရက်တည်းမှာပဲ စစ်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့  သိရပါတယ်။ 

ရေဦးမြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီကား ၃စီးကို ခင်ဦး PDF နဲ့ KSO အဖွဲ့တို့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစီးဆက်မသွားပဲကျန်နေခဲ့တယ်လို့ ခင်ဦး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်သံမဏိက ပြောပါတယ်။

အင်အား ၅၀ ပါ စစ်ကောင်စီတပ်တွေက မူးမြစ်အရှေ့ဘက်ကမ်းရှိ ကာဆိပ်ကျေးရွာကို မနေ့ကမနက် ၈ နာရီလောက်မှာ ဝင်ရောက်မီးရှို့ပြီးနောက် ကာဆိပ်ရွာကနေ ၁ မိုင်နီးပါးဝေးတဲ့ မကျီးအုပ်ရွာကိုပါ နေ့လည် ၂ နာရီလောက်မှာ ထပ်မံမီးရှို့ခဲ့တာလို့  ခင်ဦး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်သံမဏိက ပြောပါတယ်။

“ ကာဆိပ်ရွာကထွက်လာပြီး မကျီအုပ်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာပါ၊ နေ့လည် ၂ နာရီလောက်မှာမီးရှို့တာပါ၊ ကာဆိပ်မှာ ၁ အိမ်၊ မကျီးအုပ်ရွာမှာ ၃၀ ဝန်းကျင်ပါ။ ” လို့ ပြောပါတယ်။ 

အဲ့ဒီတပ်သားတွေဟာ ကာဆိပ်ရွာသား ၃ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်းရှိတာကြောင့် အသက် ၆၀ အရွယ် ဒေသခံအဖိုးအိုတဦးကို ကျည်ထိမှန်ပြီး ဆေးကုသမှုခံယူနေခဲ့ရတယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ကား၂စီးမိုင်းဆွဲခံရလို့ စစ်ကောင်စီက ခင်ဦးမှာ ရွာ ၂ ရွာရဲ့ နေအိမ်အချို့ကို တနေ့တည်းမီးရှို့ ကား၂စီးမိုင်းဆွဲခံရလို့ စစ်ကောင်စီက ခင်ဦးမှာ ရွာ ၂ ရွာရဲ့ နေအိမ်အချို့ကို တနေ့တည်းမီးရှို့ Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.