ဖယ်ခုံမြို့၊ဆောင်နန်းခဲကျေးရွာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်တွေက ရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့
![]() |
ဓာတ်ပုံ- Pehkon PDF 2 |
ဖယ်ခုံမြို့နယ်၊ဆောင်နန်းခဲကျေးရွာကို (မေလ၁၆)ရက် ညနေ ၅နာရီ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာအနီးတောင်ပေါ်မှ စစ်ကြောင်း ထိုးလာသောစစ်ကောင်စီ တပ်မှရွာအတွင်းဝင်ရောက်မီးရှို့ဖျက်စီးခဲ့ပါတယ်လို့ Pekhon PDF 2 မှ ဖော်ပြထားပါတယ်။
မနေ့က(မေလ ၁၅)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်က ကျေးရွာ အနီးတောင်ပေါ်နေရာတွင်ကျဆုံးမှုများရှိခဲ့ပါတယ်။
ထိုအပြင် ယနေ့တွင် မိုးဗြဲရေကာတာ အရှေ့ဘက် တာဘောင်အနီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်များဘက်ကထိခိုက်မှု့မရှိကြောင်းနှင့် စကစတပ်ဘက်က ထိခိုက်မှု့ကိုလည်းအတည်ပြုချက်မရနိုင်သေးပါလို့ သိရပါတယ်။
KnIC
ဖယ်ခုံမြို့၊ဆောင်နန်းခဲကျေးရွာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်တွေက ရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့
Reviewed by THITHTOOLWIN
on
22:16
Rating:

No comments:
Post a Comment