ပကာရီ-ဆီပင်ကောက်လမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ဦးကျော် သေဆုံးပြီး ၁၇ဦးထက် မနည်းဒဏ်ရာရ


တနင်္သာရီတိုင်းမ် ၊ မေ ၁၇

ထားဝယ်မြို့နယ်၊ ပကာရီ - ဆီပင်ကောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထားဝယ်ခရိုင်)က မိုင်းဆွဲတိုက်ခိုက်၊ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က တပ်သား ၂၀ ကျော်သေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်)ရဲ့ သတင်းထုတ်ပြန်ချက်အရ မေလ ၁၄ရက်နေ့ ညနေပိုင်းက စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား (၁၅)ဦးကျော် သေဆုံးပြီး (၁၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထားဝယ်ခရိုင်)ဘက်ကတော့ အထိအခိုက်မရှိ ခွာစစ်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဘက်ကို မေလ ၈ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို လုပ်ဆောင်နေတာကြောင့် ရွာသားအများစုလည်းနေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


The Tanintharyi Times


ပကာရီ-ဆီပင်ကောက်လမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ဦးကျော် သေဆုံးပြီး ၁၇ဦးထက် မနည်းဒဏ်ရာရ ပကာရီ-ဆီပင်ကောက်လမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ဦးကျော် သေဆုံးပြီး ၁၇ဦးထက် မနည်းဒဏ်ရာရ Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.