စစ်ကိုင်းတိုင်းမြောင်မြို့နယ်နေပူကုန်းရွာမှာ စစ်ကောင်စီများအကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီး

ဓာတ်ပုံ - နေပူကုန်းကျေးရွာမှာ မီးရှို့ဖျက်ဆီးခံရသည့်အိမ်တွေကိုတွေ့ရစဉ်။ (Photos: Supplied to Salween Press) 

မေလ ၂၁ ရက်နေ့ ၊ ၂၀၂၂

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် နေပူကုန်းကျေးရွာတွင် မေလ ၂၁ ရက်နေ့မနက် ၉ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ နေပူကုန်းကျေးရွာအလယ်ရပ်သို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အိမ်ဖျက်ဆီးခံရသည့်သူရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။

“ဒီမနက်မီးဝင်ရှို့တာ တိုက်အိမ်၊ ပျဉ်အိမ်အပါဝင် ၆ လုံးမီးလောင်သွားတယ်၊ တချို့အိမ်တွင်ကတာခါးပိတ်ထားလည်းဖျက်ဆီးသွားတာရှိတာကြောင့် အိမ်တွင်းအဖိုးတန်ပစ္စည်းတော့ပါသွားမှာဘဲ။ တချို့အိမ်တွေက ပိုင်ရှင်တွေထွက်ပြေးတော့ သော့ခတ်ထားတယ်။ သော့ခတ်ထားတဲ့အိမ်တွေကို တံခါးကိုရိုက်ချိုးပြီး ဝင်တယ်။ အိမ်ရှင်တွေက ဝမ်းနည်းပြီးငိုကြတယ်” လို့ အဆိုပါမိသားစုဝင်ကပြောပါတယ်။ 

အခြားပျက်စီးမှုနဲ့ လုယူခံရသည့်အိမ်တွင်းက အဖိုးတန်ပစ္စည်း၊ ငွေကြေးတွေကိုတော့ စာရင်းမပြုစုရသေးဘူးလို့သူကပြောပါတယ်။

အဲ့ဒီရွာမှာတိုက်ပွဲဖြစ်တာမရှိပေမဲ့ လွန်ခဲ့တဲ့ ၂ လလောက်က နေပူကုန်းရွာထိပ်က တိုက်အိမ်ကြီးတစ်လုံးမီးရှို့ဖျက်ဆီးခံရပြီး ရပ်ရွာထဲကအိမ်တချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရွှေ၊ငွေ၊အိမ်တွင်းအဖိုးတန်ပစ္စည်းနှင့် အိမ်မွှေးတိရိစ္ဆာန်များလည်းယူဆောင်သွားတာရှိခဲ့ဖူးတယ်လို့ ဒေသခံထံမှသိရပါတယ်။ 


Salween Press

စစ်ကိုင်းတိုင်းမြောင်မြို့နယ်နေပူကုန်းရွာမှာ စစ်ကောင်စီများအကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီး စစ်ကိုင်းတိုင်းမြောင်မြို့နယ်နေပူကုန်းရွာမှာ စစ်ကောင်စီများအကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 05:45 Rating: 5

No comments:

Powered by Blogger.