မေ ၂၆
မကွေးတိုင်း ဂန့်ဂေါမြို့ မြစ်သာမြစ်ကူးတံတားမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကင်းစခန်းကို ဒီကနေ့မနက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
တိုကိပွဲဟာ မနက်(၇:၃၀)ကနေ စခဲ့ပြီး မနက်(၁၀)နာရီအထိ ကြာခဲ့ကာ စစ်ကောင်စီတပ်သား(၂)ဦးကိုသုတ်သင်နိုင်ခဲ့ပြီး (၉)ဦးဒဏ်ရာရအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း HYPER UAV FORCEက သတင်းထုတ်ပြန်ပါတယ်။
မြစ်သာမြစ်ကူးတံတားစစ်ဆင်ရေးကို HYPER UAV FORCE ,KKG တပ်ရင်း(6) , န.ပ.တ တပ်ရင်း 703, 704 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လဲ သိရပါတယ်။
Lu Nge Khit
ဂန့်ဂေါက မြစ်သာတံတားမှာ ဒီကနေ့တိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်တပ်က(၂)ယောက်သေ (၉)ယောက်ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
19:04
Rating:

No comments:
Post a Comment