သမိုင်းလမ်းဆုံရှိ စစ်ကောင်စီစခန်းပစ်ခတ်ခံရ၊ ပစ်ခတ်မှုအပြီး လူနာတင်ကားများရောက်ရှိနေ


ရန်ကုန်၊ မေ (၁၇)

ရန်ကုန်၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ စစ်ကောင်စီလက်ပါးစေများတပ်စွဲထားသည့်စခန်း ယနေ့ နေ့လယ် (၁၂) နာရီဝန်းကျင်က ပစ်ခံခဲ့ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက လူငယ့်ခေတ်သို့ ပြောသည်။

"သမိုင်းလမ်းဆုံက စစ်ခွေးဘန်ကာ(ခံတပ်)ကို PDF တွေ လာပစ်တာ၊ သေနတ်နဲ့ရော ဗုံးတွေနဲ့ရောပါတယ်။ ဘန်ကာထဲကလဲ ပြန်ပစ်တယ်။ အဲဒီနားကနေ အမြန်ထွက်လာရလို့ နှစ်ဖက်သေတာ၊ ဒဏ်ရာရတာကို သေချာတော့ မတွေ့လိုက်ရဘူး"ဟု ၎င်းကပြောသည်။

လက်ရှိအချိန်၌ သမိုင်းလမ်းဆုံမှ အင်းစိန်လမ်းဘက်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်များက လမ်းပိတ်စစ်ဆေးနေပြီး လူနာတင်ကားအများအပြားလည်း ရောက်ရှိနေကြောင်း သိရသည်။

"အပစ်ခံရတဲ့ဘန်ကာနားမှာ စစ်ခွေး(စစ်ကောင်စီတပ်သား) ကားတွေရော၊ လူနာတင်ကားတွေရော အများကြီးရောက်ပြီး လမ်းပိတ်ထားတယ်။ ဘန်ကာထဲကကောင်တွေ ထိသွားတယ်နဲ့တူတယ်။ အင်းစိန်လမ်းအတိုင်း လူနာတင်ကား သုံး၊ လေးစီး ထွက်သွားတယ်''ဟု မျက်မြင်တွေ့ခဲ့တဲ့သူတစ်ဦးက ပြောသည်။

နောက်ဆုံးရအချက်အလက်များအရ တော်ဝင်လမ်းမှ ပြည်လမ်းအထွက်၊ သမိုင်းလမ်းဆုံမှ အင်းစိန်လမ်းဘက်အသွာ၊ မင်းဓမ္မလမ်းမှ ကျိုက်ဝိုင်းဘက်အသွားနှင့် ကျိုက်ဝိုင်းဘုရားလမ်းမှ သမိုင်းလမ်းဆုံဘက်အသွားလမ်းများကို ပိတ်ဆို့စစ်နေကြောင်း သိရသည်။


Lu Nge Khit

သမိုင်းလမ်းဆုံရှိ စစ်ကောင်စီစခန်းပစ်ခတ်ခံရ၊ ပစ်ခတ်မှုအပြီး လူနာတင်ကားများရောက်ရှိနေ သမိုင်းလမ်းဆုံရှိ စစ်ကောင်စီစခန်းပစ်ခတ်ခံရ၊ ပစ်ခတ်မှုအပြီး လူနာတင်ကားများရောက်ရှိနေ Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.