စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားမှ ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ သင်္ဘော(၃)စီးကို ယနေ့မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ရှော့တိုက်ဒုံး(၅)လုံးဖြင့်ပစ်ခတ်ရာ သင်္ဘော(၁)စီး ပျက်စီးကြောင်း ကသာမြို့နယ် ပကဖ က သတင်းထုတ်ပြန်သည်။
အဆိုပါသင်္ဘော(၃)စီးကို ကသာမြို့နယ် ပကဖ၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ များနှင့် မိုးတား ပကဖ ဗိုလ်သာလိကာအဖွဲ့၊ KIA ရင်း (၁၂)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
(၁၀၇)ရှော့တိုက်ဒုံး (၅)လုံးဖြင့် ပစ်ခတ်ခံရခြင်းကြောင့် သင်္ဘော တစ်စီးမှာ ဒုံး(၂)လုံး ထိမှန်ခဲ့ပြီး (၁)လုံးမှာ သင်္ဘောခါးလယ်ကို ထိမှန်ခဲ့သည်။ ထိုသင်္ဘောမှာ ပေါက်ကွဲမှုဖြစ်ကာ စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိနိုင်ကြောင်း ကသာ ပကဖ ကခန့်မှန်းထားသည်။
မေလ(၂၅)ရက်နေ့ကလည်း ကသာ အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြားတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော(၃)စီးကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ (၁)စီး ပျက်စီးခဲ့သေးသည်။
Tachileik News Agency

No comments:
Post a Comment