စစ်ကိုင်းတိုင်း၊ ရွှေဘို၊ နတ်တလင်းနှင်မြိုင်မြို့နယ်တို့တွင် မိုင်းဆွဲခံရမှုနှင့်တိုက်ခိုက်မှုများကြောင့် စစ်သား ၅၄ ဦးသေဆုံး

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo-အီးပီအေ။


ရန်ကုန်၊ မေ ၁၂ 

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ နတ်တလင်းနှင်မြိုင်မြို့နယ်တို့တွင်  မိုင်းဆွဲခံရမှုနှင့် တိုက် ခိုက်မှုများကြောင့် စစ်သား ၅၄  ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက တရားဝင် သတင်းထုတ်ပြန်ကြသည်။ 

ရွှေဘိုတွင် စစ်သား ၂၀ ဦးသေဆုံး

===================

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ရှေ့ထွက်မိုင်း ၁၈ လုံးဖြင့် ၆ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ထံမှသိရသည်။   

 စစ်တပ်သည် ရွှေဘို-ဝက်လက် အစပ်ရှိ ရွာသစ်ကုန်းကျေးရွာကို မီးရှို့ပြီး ငါးပိအိုးရွာ အဝင်တွင် နတ်တောင်နဂါး တပ်ဖွဲ့မှ တိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်စနေ ဦးဆောင်၍ GHOST RIDER Special Task Force BURMA တပ်ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

နတ်တလင်းတွင်  စစ်သား ၄ ဦးသေဆုံး

======================

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပဲခူးရိုးမတောင်ခြေရှိ ဂွေ့ကြီးကျေးရွာနှင့် ဘိုကြီးကျေးရွာစခန်းကြားတွင် အကြမ်းဖက် စစ်တပ် အင်အား ၁၂ ဦးခန့် ပါဝင်သော စစ်ကြောင်းနှင့် ပဲခူးတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ် သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။  

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မြိုင်တွင် မိုင်းအလုံး ၁၀၀ ဖြင့် တိုက်ခိုက်၍ စစ်သား ၃၀ ဦး သေဆုံး

=====================================

မကွေးတိုင်း မြိုင်မြို့နယ်တွင် ကိုင်းတောမဘက်မှလာသည့် အကြမ်းဖက် စစ် တပ် စစ်ကား ၇ စီးပါ ယာဉ်တန်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ မေလ ၁၂ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဝ ခန့်သေ ဆုံးခဲ့ကြောင်း သိရသည်။  

အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တဲကြီးရွာနှင့် နယ်သတ်ရွာ အနီး၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ညနေ ၅ နာရီ ၄၀ ခန့်တွင် မိုင်းအလုံးရေ ၁၀၀ ခန့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်သား ၃ဝ ဦးသေဆုံးခဲ့ပြီး စစ်တပ်က ဖောကားများဖြင့် အလောင်းလာကောက်သွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


Zayar Times 

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ နတ်တလင်းနှင်မြိုင်မြို့နယ်တို့တွင် မိုင်းဆွဲခံရမှုနှင့်တိုက်ခိုက်မှုများကြောင့် စစ်သား ၅၄ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ရွှေဘို၊ နတ်တလင်းနှင်မြိုင်မြို့နယ်တို့တွင်  မိုင်းဆွဲခံရမှုနှင့်တိုက်ခိုက်မှုများကြောင့် စစ်သား ၅၄  ဦးသေဆုံး Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.