ဆွာ၊ မေ ၂၇၊ ၂၀၂၂။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ နယ်မြေရဲစခန်းအတွင်းက ရဲစခန်းမှူးရဲ့ နေအိမ်လိုင်းခန်းကို မေလ ၂၆ ရက် မနေ့ ည ၇ နာရီ ဝန်းကျင်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် (၇) ရပ်ကွက်မှာရှိတဲ့ ဆွာနယ်မြေရဲစခန်းထဲက စခန်းမှူးနေအိမ်လိုင်းခန်းကို ဗုံးခွဲခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမယ့် ပေါက်ကွဲအားကြောင့် နေအိမ်နံရံတွေ ကွဲအက်သွားတယ်လို့ဆိုပါတယ်။
"မိုင်းခွဲတိုက်ခိုက်တာပေါ့။ စခန်းမှူးနဲ့သူ့မိသားစုတွေ လူထိခိုက်မှုမရှိဘူးလို့ သိရတယ်။ ရဲလိုင်းခန်းက တိုက်ခံအိမ်ဘဲ။ ပေါက်ကွဲအားပြင်းလို့ အိမ်နံရံတွေတော့ အက်ကုန်တယ်လို့ သိရတယ်" လို့ ဒေသတွင်း PDF အဖွဲ့ရဲ့ ဗိုလ်ကြက်သွန်က မြေလတ်အသံကို ပြောပါတယ်။
မနေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရွှေကြက်ယက်စာသင်ကျောင်ကို ဗုံး ခွဲတိုက်ခိုက်ခဲ့ပြီးနောက် တဆက်ထဲညပိုင်းမှာ နယ်မြေမှူး ရဲစခန်းနေအိမ်ကို ဆက်လက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment