ရှမ်းမြောက်နှင့် ကချင်မှာ စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်


18 May 2022

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ ၂ နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။ 

ကချင်ပြည်နယ် ကေအိုင်အေ အမှတ် (၁) တပ်မဟာ၊ အမှတ် (၁၀) တပ်ရင်းနယ်မြေ ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမပေါ်ရှိ ခဂရန်းယာန်ရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်ထောင်းရွာအထက်နားတွင် ကေအိုင်‌အေက တိုက်ခဲ့ကြောင်း ဆိုသည်။  

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ကေအိုင်အေ တပ်ရင်း(၃၄) နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ကေအိုင်အေမှ ယမန်နေ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ 

မေလ ၁၆ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာအထက်တွင် စစ်ကူရောက်လာသည့်စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေမှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


Kachinwaves 

ရှမ်းမြောက်နှင့် ကချင်မှာ စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ် ရှမ်းမြောက်နှင့် ကချင်မှာ စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 18:07 Rating: 5

No comments:

Powered by Blogger.