ရေးမြို့နယ်က စစ်ကောင်စီ အမှတ် (၅၉၁)တပ် စီးနင်းတိုက်ခိုက်ခံရ


မော်လမြိုင်၊ မေ၁၀

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ်  (၅၉၁) တပ်ကို မေလ ၁၀ ရက်  နံနက် ၁၁ နာရီခွဲအချိန်ခန့်မှာ  ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့က 40- MM လက်နက်ကြီးအပြင် M-16 လက်နက်တွေ အသုံးပြုပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုကြောင့် ပြန်လည်ခုခံ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ် မိသားစုဝင် အမျိုးသမီး တစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" သူတို့အငိုက်မှာ ဝင်ပစ်တာ၊ သူတို့ မထင်ထားဘူး။ ပထမဆုံးအကြိမ် ဝင်ပစ်ခံရတာ အဲမှာ တပ်မိသားစုဝင်အမျိုးသမီးတစ်ယောက် အပါအဝင် လေးဦးထိခိုက်သေဆုံးတယ်"လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီဘက်က စစ်ကူရောက်ရှိလာပေမယ့် ရေးဘီလူးအဖွဲ့မှ ထိခိုက်မရှိ ချက်ချင်းဆုတ်ခွာနိုင်ခဲ့ပါတယ်။

တိုက်ခိုက်မှုပြီးနောက် ကျောင်းရွာအဝင်အထွက်လမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေး အင်အားဖြည့်တင်းထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။


သတင်း-သံလွင်တိုင်းမ်


ရေးမြို့နယ်က စစ်ကောင်စီ အမှတ် (၅၉၁)တပ် စီးနင်းတိုက်ခိုက်ခံရ ရေးမြို့နယ်က စစ်ကောင်စီ အမှတ် (၅၉၁)တပ် စီးနင်းတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.