တိုက်ပွဲတွေပြန်ဖြစ်လာနိုင်လို့ ပြည်သူတွေစစ်တပ်ရှိတဲ့နေရာတွေကိုရှောင်ဖို့ ရက္ခိုင့်တပ်တော် သတိပေး


စစ်တွေ - မေ(၁၆) 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်မှာနိုင်တဲ့အနေအထားရှိနေလို့ ပြည်သူတွေအနေနဲ့ စစ်တပ် သွားလာလှုပ်ရှားတဲ့နေရာများ၊အထိုင်ချနေခဲ့တဲ့နေရာများနဲ့ စစ်တပ်ရဲ့ တပ်စခန်းအနီးပတ်ဝန်း ကျင်တွေကို သွားရောက်တာတွေအထူးရှောင်ကြဉ်ကြဖို့ ရက္ခိုင်တပ်တော် AA ကသတိပေး ထုတ်ပြန်လိုက်ပါတယ်။ 

ရခိုင်ဒေသမှာ စစ်တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိလို့ မင်းပြားမြို့နယ်နဲ့ အမ်းမြို့နယ် က အရပ်သားပြည်သူနှစ်ဦးတို့ ဒီရက်ပိုင်းမှာ သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ မြန်မာစစ်တပ်သည် ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေသော မိမိတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင်-မူဆလင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာ စစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိသည်” လို့ ရက္ခိုင်တပ်တော် ပြောခွင့်ရ ခိုင်သုခရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။ 

ဒါ့အပြင် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေတာ အချိန်ကာလအတန်ကြာခဲ့ပြီလို့လည်း သိရပါတယ်။ 

မေလ(၁၁) ရက်နေ့ကလည်း ကျောက်တော်အခြေစိုက် ခမရ(၃၇၅) တပ်ရင်းထဲက တပ်စခန်းပတ် လည်အနီးထောင်ထားတဲ့ မိုင်းတွေပါက်ကွဲပြီး ထိပ်လန့်မှုကြောင့် ခမရ(၃၇၅) အတွင်းမှ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို သတိပေးထားပါသေးတယ်။ 


သတင်း - သံလွင်တိုင်းမ်


တိုက်ပွဲတွေပြန်ဖြစ်လာနိုင်လို့ ပြည်သူတွေစစ်တပ်ရှိတဲ့နေရာတွေကိုရှောင်ဖို့ ရက္ခိုင့်တပ်တော် သတိပေး တိုက်ပွဲတွေပြန်ဖြစ်လာနိုင်လို့ ပြည်သူတွေစစ်တပ်ရှိတဲ့နေရာတွေကိုရှောင်ဖို့ ရက္ခိုင့်တပ်တော် သတိပေး Reviewed by THITHTOOLWIN on 22:20 Rating: 5

No comments:

Powered by Blogger.