မြင်းမူ ၊ မေ ၂၆ ၊ ၂၀၂၂။
ချောင်းဦးမှ မြင်းမူဘက်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ များ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂၉ ယောက်သေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မေလ ၂၆ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်က သံချပ်ကာ ကား ၂ စီးအင်အားအပြည့်အပြင် ခြေလျင်မိုင်းရှာလာသော အင်အား ၅၀ အား နတ်ရေကန်နှင့်ရေပိုးစားအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Myaung Special People's Defense Force (MSPDF) တာဝန်ခံက မြေလတ်အသံကိုပြောသည်။
"နတ်ရေကန်နဲ့ရေပိုးစားအကြား ၂ ပွိုင့်မှာကြိုတင်စီစဉ်ထားတဲ့ မိုင်း ၈ လုံးနဲ့ခွဲလိုက်တာ၊ အဲဒီမှာမျက်မြင်သက်သေတွေပြောပြချက်အရ အဲဒီဖြစ်ပွားတဲ့ ရွာဆေးခန်းမှာပဲ အလောင်း ၂၉ လောင်းတွေ့တယ်၊ ဒဏ်ရာကုနေတဲ့ကောင်တွေ ၁၂ ယောက်ရှိတယ်လို့ကြားတယ်၊ ကျနော်တို့ ၂ ဖွဲ့ပူးပေါင်းပြီးမိုင်းဆွဲခဲ့တာပါ" ဟု (MSPDF) တာဝန်ခံကပြောသည်။
တိုက်ခိုက်မှုကို Myaung Special People's Defense Force (MSPDF) နှင့် Chaung U People's Defence Force(CHU) တို့မှပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment