![]() |
ဓာတ်ပုံ၊ CJ |
မေ - ၁၅
မန္တလေးမြို့က ရာအိမ်မှူး(ယာယီအုပ်ချုပ်ရေးမှူး)တစ်ယောက်ဟာ ဒီမနက်ပိုင်း (၉)နာရီအချိန်လောက်မှာ လက်ဖက်ရည်သောက်ပြီးအပြန် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၃၅) လမ်း၊ (၈၇)လမ်းနဲ့ (၈၈) လမ်းအနီးမှာ လက်ဖက်ရည်ဆိုင်က စက်ဘီးနဲ့ ပြန်လာတဲ့ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ အကွက်အမှတ်(၂၈၇) ရာအိမ်မှူး(ယာယီရပ်ကွက်အုပ်ချုပ်ရေးမှုး) အသက် (၆၂)နှစ်အရွယ် ဦးကြည်လင်းကို သေနတ်ကျည်သုံးချက်နဲ့ အပစ်ခံရတာဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
" ရွှေပင်လယ်ကြွေပြားဆိုင်နားလို့ကြားတယ်၊ ဒလန်ကို သတ်သွားတာလို့ ပြောတာပဲ၊ သေသွားပြီကြားတယ် " လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။
မည်သည့်အဖွဲ့အစည်းက သတ်ဖြတ်သွားတယ်ဆိုတာကို မသိရသေးဘဲ အသေးစိတ်သိရှိနိုင်ဖို့ MFP အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။
Mandalay Free Press - MFP
မန္တလေးက ရာအိမ်မှူးတစ်ယောက် လက်ဖက်ရည်သောက်ပြီးအပြန် အသတ်ခံရ
Reviewed by THITHTOOLWIN
on
23:20
Rating:

No comments:
Post a Comment