တနင်္သာရီတိုင်းမ် ၊ မေ ၁၇
လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာက ပျူစောထီးအဖွဲ့စီးနင်းလာတဲ့ကားကို ဒီနေ့နေ့လည် ၁နာရီခွဲအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးPDFအဖွဲ့က ထုတ်ပြန်ပါတယ်။
စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီးအဖွဲ့ ဝင် ၈ ဦးခန့်စီးနင်းလာတဲ့ Vigo ကားကို လောင်းလုံးမြို့နယ်လမ်းပိုင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်ကခေါင်းစိုက်ပြီး တစ်ဦးပြုတ်ကျသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပစ်ခတ်မှုဟာ ၅မိနစ်ကြာပြီး ပျုစောထီးအဖွဲ့ရဲ့ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ-လောင်းလုံး) နဲ့ Dawei Defense Team - DDT တပ်ခွဲ (၃) (ပ.က.ဖ - ထား ဝယ်)တို့ ပူးပေါင်းပြီးပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူတွေ အနေနဲ့ မဖြစ်မနေလမ်းသွားခဲ့ရင်လည်း စစ်ကောင်စီကားတွေ ၊ ပျူစောထီးကားတွေ နဲ့ ဝေးဝေးက သွားလာပေးကြဖို့ ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။
ပန္ဒလဲကျေးရွာမှာ ပျူစောထီးအဖွဲ့တွေပစ်ခတ်သတ်ဖြတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ရွာသားအများစုဟာလည်း နေအိမ်တွေမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
The Tanintharyi Times

No comments:
Post a Comment