မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု


NUGနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ လူချင်းတွေ့ဆုံ

မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ကူညီထောက်ပံ့မှုများဆက်လက်ပေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကတိပြုပြောကြားသည်။

ဝါရှင်တန်သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ လူချင်း ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆက်လက်လုပ်ဆောင်ရန် မလေးရှားက အသင့်ရှိ​ကြောင်း ထည့်သွင်းဆွေးနွေးသည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီ၊ နည်းပညာသင်တန်းနှင့် ပညာရေး အပါအဝင် NUG ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဝန်ကြီးဒေါ်ဇင်မာအောင်က မျှဝေခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံထိပ်သီးညီလာခံကျင်းပနေချိန်တွင် ဝါရှင်တန်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်း၊ သမ္မတဂျိုးဘိုင်ဒန်၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ အာဆီယံဝန်ကြီးအချို့နှင့် လူချင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအနေဖြင့် NUG ၊ NUCCအပါအဝင် ပါဝင်သင့်သူများနှင့် ထိတွေ့ဆက်ဆံရန် အဆိုပြုထားသည်။


People's Spring 

မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.