ယင်းမာပင်မှာ ရွာထဲဝင်မွှေလုယက် မီးရှို့ပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပေပါမိုင်းတွေနဲ့ ဖောက်ခွဲ


မေ- ၁၅

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စံပြ ရွာသာယာ ကျေးရွာထဲ ဝင်မွှေလုက် ခိုးယူကာ နေအိမ်တွေကို မီးရှိုပဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် ပေပါမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“စံပြ ရွာသာယာရွာ ကျေးရွာ မီးရှိပြန်လာသော စစ်ခွေးများ ကောင်းဆင့်ရွာ အရှေ့ဘက် ငါးကန်အနီး မိုင်းလာရှင်းသော ခွေး (၁၀) ကောင်ခန့်ကို ပေပါမိုင်း အကြီး သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အကုန်လုံး ငရဲပြည်ရောက်” လို့ ယင်းမာပင် ဒေသကာကွယ်ရေးတပ်ဖွဲ့ က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ယင်းမာပင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းသောင်းကျန်းကာ လုယက်၊ သတ်ဖြတ်၊ မီးရှို့တာတွေ ကျူးလွန်နေပြီး ဒီကနေ့ မေ(၁၅)ရက် မနက်ပိုင်းမှာ ရွာသာယာရွာထဲ ဝင်မွှေလုယက် ခိုးယူကာ နေအိမ်တွေကို မီးရှိုပဖျက်ဆီးလို့ စံပြ ရွာသာယာရွာက နေအိမ်(၂၃)လုံး မီးလောင်ပြာကျခဲ့ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ရွာသာယာရွာကနေတဆင့် နှောရိုးကျေးရွာတွေထဲ ထပ်မံ ဝင်မွှေလုယက် ဖောက်ထွင်းခိုးယူကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို နှောရိုးရွာက အသက်(၅၀)အရွယ် ဒေသခံ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ကာ ဦးခေါင်းကို သေနတ်နှင့်တေ့ပစ်ပြီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မေ(၁၄)ရက် မနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ် တရော်ကျင်းရွာထဲ ဝင်မွှေလုယက် ခိုးယူပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်(၂၅)လုံး မီးလောင်ပြာကျ ခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုဟာ မေ(၁၃)ရက်ကလည်း ယင်းမာပင်မြို့နယ် ကျောက်ပြုတ်ရွာက စစ်ဘေးရှောင်ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပါသေးတယ်။


Mandalay Free Press - MFP

ယင်းမာပင်မှာ ရွာထဲဝင်မွှေလုယက် မီးရှို့ပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပေပါမိုင်းတွေနဲ့ ဖောက်ခွဲ ယင်းမာပင်မှာ ရွာထဲဝင်မွှေလုယက် မီးရှို့ပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပေပါမိုင်းတွေနဲ့ ဖောက်ခွဲ Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.