မန္တလေး၊ မေ ၂၇
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန် ကောက်ရပ်ကွက်၊၅၄)လမ်း(၂၈×၂၉)လမ်း ကြားတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူအမျိုးသားတစ်ဦးကို ယနေ့ နံနက်က တွေ့ရှိခဲ့ပြီး အဆိုပါအမျိုးသားသည် ယမန်နေ့ညပိုင်းတွင် စစ်တပ်ကဖမ်းဆီးသွားသူဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
စစ်တပ်က ယမန်နေ့ မေလ၂၆ရက်ည ၈နာရီခန့်က မန္တလေးမြို့၊လမ်း၈၀နှင့်၈၁လမ်းကြား၊၄၁လမ်းအနီးရှိ နေအိမ်မှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုလင်းကိုနိုင်ကို စစ်တပ်ကဖမ်းဆီးသွားခဲ့သည်။
"ဘာကြောင့်ဖမ်းလည်းဆိုတာ မသိရဘူး။ညကဖမ်းပြီးသေနတ်ဖောက်သွားသေးတယ်"ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
စစ်တပ်ကဖမ်းဆီးသွားပြီးနောက်ပစ်သတ် ကာယနေ့နံနက်တွင် ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်၌ အလောင်းကိုစွန့်ပစ် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူသည် မျက်နှာကို ပုဆိုးစနှင့် စည်းနှောင်ခံထားရပြီး နဖူးကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးခေါင်းပွင့်ဒဏ်ရာတို့ဖြင့် အသတ်ခံထားရခြင်းဖြစ်သည်။
စစ်တပ်က သွေးသောက်အဖွဲ့ဟူ၍ သတ်ဖြတ် ရာတွင်လည်းယင်းကဲ့သို့ ပုံစံတူသတ်ဖြတ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်သွေးသောက်အဖွဲ့လည်ဆွဲကို မတွေ့ရကြောင်း နီးစပ်သူများထံကသိရသည်။
Lu Nge Khit

No comments:
Post a Comment