ထီးချိုင့်နယ် အင်ဒေါင်းရွာမှပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်များ

ဓာတ်ပုံ - Eagles Army

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာမှ စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ၏ Eagles Army- HPDFက သတင်းထုတ်ပြန်သည်။

မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို၍ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး ၈ဦး ဒဏ်ရာရခဲ့ကြောင်း အထိနာသည့် စစ်ကောင်စီတပ်များသည် ပြည်သူလူထု နေအိမ်များ၊ ထွန်စက်နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဖော်ပြထားသည်။

“ ဒီနေ့တော့ ထီးချိုင့်နယ် မြစ်အရှေ့ဘက်ကမ်းမှာ ထိတွေ့မှု ဖြစ်တယ်။ ကိုယ့်ဘက်ကတော့ ဘာမှတော့ ထိခိုက်မှုမရှိပါဘူး။ အခုလောလောဆယ်တော့ သူတို့က မနက်က ဖြစ်တဲ့နားတစ်ဝိုက်မှာ ရှိနေပါသေးတယ်။ အင်ဒေါင်းဘက်ပေါ့”ဟု ဒေသခံ PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထီးချိုင့်နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိရာ ဒေသခံ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များက ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများလည်း မကြာခဏ ပြုလုပ်နေ၍ ပြည်သူလူထု နေအိမ်များ မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်နေရသည်။


People's Spring 

ထီးချိုင့်နယ် အင်ဒေါင်းရွာမှပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်များ ထီးချိုင့်နယ် အင်ဒေါင်းရွာမှပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်များ Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.