မုံရွာက ဒလန်လို့ သတင်းထွက်သူ ၂ ဦးရဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက်

မုံရွာ၊ မေ ၂၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း မုံရွာမြို့က စစ်ကောင်စီဒေါက်တိုင်လို့ သတင်းထွက်နေသူ ၂ ဦးရဲ့ နေအိမ်တွေကို မေလ၂၆ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  DRPA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုလမ်း ကားလေးကွင်း တောင်ဘက်က ဒလန်ဆိုသူရဲ့ အိမ်ကို နေ့လယ် ၁၂ နာရီမှာ တိုက်ခိုက်ခဲ့ပြီး ထန်းတောကျွန်းဆွယ်က ထောက်လှမ်းရေးဟောင်း  ကိုကျော်မြင့် နေအိမ်ကို  နေ့လယ် ၁၂ နာရီ ၉ မိနစ်မှာ လက်ပစ်ဗုံး တလုံးစီနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကားလေးကွင်းနားက ဒလန်ကို ဒီနေ့ ၁၂ နာရီက တိုက်ခိုက်တာပါ ကျနော်တို့ သေသေချာချာ စောင့်ကြည့်နေတာ နှစ်ပတ်လောက်ရှိပြီ  ထောက်လှမ်းရေး ပြုတ်ကတော့ ဒုတိယ  သူက စစ်ကောင်စီ တပ်စုကို အိမ်ပေါ်ပါ အဖေလို တင်ခေါ် ကိုးကွယ်နေတဲ့ဒလန်  ထိခိုက်မူ ဖြစ်တာတော့  သေချာတယ် သေမသေတော့ အတည်မပြုနိုင် သေးဘူး "လို့ DRPAအဖွဲ့ တာဝန်ရှိသူက ပြောတယ်။

သူတို့ဟာ  Mission 2 ခုကို အချိန်အနည်းငယ် ခြားကာ  တပြိုင်နက် တိုက်ခိုက်တာဖြစ်ပြီး နောင်မှာလည်း ပိုမိုအဆင့်မြင့် ကျစ်လျစ်တဲ့ နည်းနာတွေနဲ့ မြို့ပြမှာ ဘဝမေ့နေတဲ့ စစ်ကောင်စီ ထောက်တိုင်တွေ အဖွဲ့ဝင်တွေကို အိမ်မက်ဆိုးတွေ ဆက်လက် ပေးနေအုံးမှာ ဖြစ်သလို စနစ်ကို တိုက်နေတာ ဖြစ်တဲ့အတွက်  စနစ်ဆိုးနဲ့ ဓားစာခံ မဖြစ်စေပဲ လူထုနဲ့သာ ပူးပေါင်းပါလို့ အကြံပေးလိုကြောင်း စနစ်ဆိုးရဲ့ ခွေးသွားစိပ်တွေကို ရတဲ့နည်းနဲ့ ရိုက်ချိုးနေအုံးမှာ ဖြစ်တယ်လို့လည်း သူကဆက်ပြောတယ်။

အခုတိုက်ခိုက်မူကို DRPA မြို့ပြပျောက်ကျားရဲဘော်များနဲ့  ညီနောင်မဟာမိတ်M AC T ထောက်ပို့တပ်တို့ ပူးပေါင်းခဲ့ကြပြီး အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မုံရွာက ဒလန်လို့ သတင်းထွက်သူ ၂ ဦးရဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက် မုံရွာက ဒလန်လို့ သတင်းထွက်သူ ၂ ဦးရဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 18:56 Rating: 5

No comments:

Powered by Blogger.