ပေါင်းတည်၊ မေ ၁၅၊ ၂၀၂၂။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ရဲ့ အနီးမှာ မတ်လ ၁၅ ရက် ဒီကနေညနေ ၄ နာရီလောက်က ဗုံးတလုံးပေါက်ကွဲပြီး ရဲတဦးဒဏ်ရာပြင်းထန်ရ ခဲ့ပါတယ်။
မြို့ရဲ့ တောင်ဘက်၊ တာပွန်လမ်းမပေါ် ဟင်္သာကန်နဲ့ ဗိုလ်ကုန်းရွာကြားမှာ ပေါက်ကွဲတာလို့ သိရပါတယ်။
"အသံကတော့ အကျယ်ကြီးပဲ အိမ်စီးကားနဲ့ ရဲကားကတော့ အရေးပေါ်ဟွန်းတီးပြီး မောင်းသွားတာ ဆေးရုံကားလဲ သွားတယ်။ အသုဘတင်တဲ့ကားလဲ ခေါ်သွားတယ်။ ထိတာက ရဲတယောက် ရင်ဘတ်ကိုထိတာတဲ့ သူ့ကို ပြည်ဆေးရုံ သယ်သွားတယ်။ ကျန်တဲ့ အရပ်သား၂ ယောက်လည်း ထိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ခိုက်မူနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အခုပေါက်ကွဲမူဟာ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့က မဏ္ဍပ်အနီး ပေါက်ကွဲမူ့ဖြစ်အပြီး တလအတွင်းမှာ ဒုတိယမြောက် ပေါက်ကွဲမူ့လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment