မြိုင်က ကျေးရွာတရွာကို စစ်တပ်က မီးရှို့


မြိုင်၊ မေ ၁၉၊ ၂၀၂၂။ 

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်းတောရွာကို စစ်ကောင်စီတပ်တွေက မေလ ၁၉ ရက် ဒီမနက်ပိုင်းမှာ စတင်မီးရှို့နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

အင်အား ၆၀ နီးပါး ပါတဲ့ စစ်သားတွေဟာ ဒီမနက် ၆ နာရီလောက်ကစပြီး ရွာရဲ့အနောက်ပိုင်းဘက်ကနေ မီးစရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ ရွာရဲ့အနောက်ပိုင်းဘက်ကနေ စရှို့တာ၊ အိမ်ခြေ ၁၀ လုံးလောက်တော့ပါမယ်၊ ရွာနားကိုမကပ်ရသေးဘူး၊ အဝေးကပဲလှမ်းကြည့်နေရတာ၊” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိလည်း မီးမငြိမ်းသက်နိုင်သေးဘူးလို့ သိရပြီး၊ ဒီဖြစ်စဥ်နဲ့ပက်သက်တဲ့နောက်ဆက်တွဲ အခြေနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်အတွင်းက ပိတောက်ကန်၊ ညောင်ပင်သာ၊ မြောက်ဆည် စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူဦးရေ ၇ ထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

မြိုင်က ကျေးရွာတရွာကို စစ်တပ်က မီးရှို့ မြိုင်က ကျေးရွာတရွာကို စစ်တပ်က မီးရှို့ Reviewed by THITHTOOLWIN on 18:39 Rating: 5

No comments:

Powered by Blogger.