စစ်ကိုင်း - မုံရွာလမ်း၊ အုန်းတောနှင့် ညောင်ပင်ဝန်းကြားမှာ စစ်ကားတန်းကို မိုင်းဆွဲ၊ စကစတွေ ထိခိုက်မှုရှိ
မေ - ၁၇
စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို သွားတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကား(၁၂)စီးပါ ယာဉ်တန်းကို ဒီကနေ့ မေ(၁၇)ရက် မနက်(၁၁)နာရီကျော် အုန်းတောရွာနှင့် ညောင်ပင်ဝန်းရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စကစတွေ ထိခိုက်မှု ရှိနိုင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“အုန်းတောနဲ့ ညောင်ပင်ဝန်းကြား နူံးတွင်းတပ်အနီးမှာ ဒီမနက် (၁၁)ကျော်က ခွေးကား(၁၂)စီး ဆွဲမိုင်းမိ။ ရှစ်စီးပဲ ဆက်မောင်းပြီး ညောင်ပင်ဝန်းကျော်သွားတယ်။ လေးစီးက ချက်ချင်းမမောင်းနိုင်ဘူး။ ခွေးတွေ ထိခိုက်တာ ရှိနိုင်တယ်” လို့ ဒေသကာကွယ်ရေး တပ်ဖွဲပတွေနဲ့ နီးစပ်သူ သတင်းရင်းမြစ်က ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ယာဉ်တန်းမှာ ပွိုင့်ကားနှစ်စီး၊ သံပြားကာတစ်စီး၊ စကစ လက်နက်ကိုင်တချို့ပါတဲ့ ကားခြောက်စီးနှင့် ရိက္ခာတင်ကား ခြောက်စီးနဲ့ စစ်ကိုင်းဘက်ကနေ မုံရွာဘက် မောင်းနှင်လာတာလို့ နီးစပ်သူတွေက ဆိုပါတယ်။
ဒီကနေ့ နေ့လယ်(၁၂)နာရီကျော်မှာတော့ အကြမ်းဖက် စစ်အုပ်စုရဲ့ ယာဉ်တန်း မုံရွာမြို့ထဲ ဝင်လာပြီး ဗိုလ်ချုပ်လမ်းအတိုင်း မြောက်ဘက်ကို ဦးတည်မောင်းနှင်သွားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ဧပြီလကုန်က စတင်ပြီး စစ်ကိုင်းတိုင်းထဲ အင်အားတိုးမြှင့်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းတိုင်းထဲက မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေ စီနင်းကာ လူသတ်၊ လုယက်၊ နေအိမ်မီးရျို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment