မကွေးတိုင်း၊ တန့်ကြည့်တောင် အနောက်ဘက် လမ်းပိုင်းတစ်နေရာတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့မေလ(၂၂)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အင်အား (၇၀)ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC - KC DF ) ၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (NSP) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်၏ လက်နက်ကြီးကြောင့် စစ်ကောင်စီတပ်သား(၂၀)ဦးဝန်းကျင် အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု ပြောက်ကျားတပ်ဘက်က ဆိုသည်။ တာချီလိတ်သတင်းအေဂျင်စီအနေဖြင့်မူ သီးခြား အတည်မပြုနိုင်သေးပေ။
တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲမှ ရဲဘော်တစ်ဦး(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
Tachileik News Agency

No comments:
Post a Comment