စဥ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်းတခုတိုက်ခိုက်ခံရပြီး စစ် ကူလာတဲ့ကားပါမိုင်းဆွဲခံရလို့ စစ်တပ်၊ရဲ သေဆုံးမှုများဟုဆို


မေလ ၂၀ ရက်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွှေပြည်ရွာနယ်မြေရဲစခန်းကို မေလ ၂၀ ရက် ဒီကနေ့ မနက်အစော ၁ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဥဒေါင်းမင်းPDF က ထုတ်ပြန်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေပြည်နယ်မြေရဲစခန်းမှူးအပါအဝင် ရဲ ၃ ဦးသေဆုံးခဲ့တဲ့အပြင် အဲ့ဒီရဲစခန်းကိုစစ် ကူလာတဲ့ စစ်ကောင်စီကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးတယ်လို့ဆိုပါတယ်။

" ကျနော်တို့က ၂ ဖွဲ့ခွဲတာပေါ့ ။ ရွှေပြည်ရဲစခန်းကိုဝင်စီးတာကတဖွဲ့။ စစ်ကူလာမယ့်လမ်းမှာမိုင်းဆွဲဖို့ကတဖွဲ့။ ရဲစခန်းမှာတိုက်ပွဲ နာရီဝက်လောက်ဖြစ်တယ်။ ကနဦးမှာ လက်ရှိစခန်းမှူးအပါ သုံးယောက်သေတယ်လို့သိရတယ်၊ မိုင်းဆွဲတာစကစတွေလည်းသေတာများတယ်။ အားလုံး ရဲ၊စစ်သား ၁၀ ယောက်ကျော်လောက်သေတယ်''လို့ ဟု ဥဒေါင်းမင်းPDF တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရွှေပြည်ရဲစခန်းကိုစစ်ကူလာတဲ့ စစ်ကား ၃ စီးကို ရွှေပြည်ရွာမြောက်ဘက် လက်ပံလှရွာအနီးကငွေတောင်ရွာတိုးဂိတ်နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားများသေဆုံးဒဏ်ရာရရှိမှုများပြားခဲ့တာလို့သူက ဆက် လက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဥဒေါင်းမင်းPDF၊  မတ္တရာပကဖတပ်ဖွဲ့ ဗိုလ်လင်းယုန် ၊ စဥ့်ကူးမဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


Ayeyarwaddy Times 

စဥ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်းတခုတိုက်ခိုက်ခံရပြီး စစ် ကူလာတဲ့ကားပါမိုင်းဆွဲခံရလို့ စစ်တပ်၊ရဲ သေဆုံးမှုများဟုဆို စဥ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်းတခုတိုက်ခိုက်ခံရပြီး စစ် ကူလာတဲ့ကားပါမိုင်းဆွဲခံရလို့ စစ်တပ်၊ရဲ သေဆုံးမှုများဟုဆို Reviewed by THITHTOOLWIN on 18:18 Rating: 5

No comments:

Powered by Blogger.