ပဲခူးရိုးမအတွင်း ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲခံရပြီး ၄ဦးသေဆုံး

ပုံစာ - သာယာဝတီခရိုင် PDF တပ်ဖွဲ့ဝင်များ

နတ်တလင်း၊ မေ၂၂၊ ၂၀၂၂။

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပဲခူးရိုးမအတွင်းက ကျေးရွာတွေမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို သာယာဝတီခရိုင် PDF တွေက မိုင်းဆွဲတိုက်ခိုက်လို့ ၄ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၀ရက် ညနေ ၃နာရီဝန်းကျင်မှာ နတ်တလင်းမြို့နယ် ညောင်လေးပင်ရွာနဲ့ ဂွေ့ကြီးရွာ ကြားမှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ (MRF Nattalin) နှင့် တပ်ခွဲ ၂ (Phoenix) ပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တပ်ခွဲ ၂ တာဝန်ရှိသူတဦးဖြစ်တဲ့ ရန်ကြီးအောင်က ပြောပါတယ်။

" သူတို့ကတော့ ရွာနီးချုပ်စပ်ကို ကင်းလှည့်တဲ့သဘော လျှောက်သွားတာနေတာပေါ့ အဲ့တာကျနော်တို့ အဖွဲ့နဲ့ တွေ့တော့ မိုင်းဆွဲလိုက်တာပါပဲ" လို့ ပြောပါတယ်။

မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခဲ့ကြပေမယ့် PDF တွေအနေနဲ့ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ညောင်လေးပင်ရွာနဲ့ ‌ဂွေ့ကြီးရွာကြားမှာ မကြာခဏ ဆိုသလို စစ်ကောင်စီတပ်သားတွေကို PDF က မိုင်းဆွဲတိုက်ခံနေရပြီး ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်နေတာကြောင့် အဲ့ဒီရွာတွေက ပြည်သူတွေ ပဲခူးရိုးမအတွင်းမှာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ပဲခူးရိုးမအတွင်း ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲခံရပြီး ၄ဦးသေဆုံး ပဲခူးရိုးမအတွင်း ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲခံရပြီး ၄ဦးသေဆုံး Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.