ပျူ​များလိုက်လာ​သော ရိက္ခာကားကိုတိုက်ခိုက်ရာ ပျူ​ခေါင်း​ဆောင်အပါအဝင်​လေးဦး​သေ


ပျူစောထီးများလိုက်ပါလာသည့် ရိက္ခာကားကို တိုက်ခိုက်ရာ ဝက်ပုတ်ရွာပျူစောထီးခေါင်းဆောင်နှင့်အတူ လေးဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် သည်။

ယနေ့(မေ ၁၅ ရက်) နေ့ခင်း ၂ နာရီ မိနစ် ၂၀ ခန့်တွင် သတင်းအရ ကိုင်းတောမ-ကမ္မလမ်းပေါ်တွင် စောင့်ဆိုင်းတိုက်ခိုက်ခြင်းဟု​ဖော်ပြထားသည်။

"စစ်ကောင်စီဒေါက်တိုင်တွေ စကစနဲ့ ပက်သက်ပြီး ပြည်သူလူထုကို ဒုက္ခပေးမဲ့သူမှန်သမျှ စကစနဲ့ တစ်တန်းထဲထားပြီး ချေမှုန်းတာကို နောက်လည်း ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟုမြိုင် PDF တာဝန်ရှိသူကPeople's Spring သို့ပြောသည်။

ယနေ့တိုက်ခိုက်မှုတွင် ဝက်ပုတ်ပျူခေါင်းဆောင်ဝင်းငွေနှင့် အတူ ​လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မြိုင် PDF က အတည်ပြုသည်။

တိုက်ခိုက်မှုကိုမြိုင် PDFနှင့်အတူဂဠုန်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များအထိအခိုက်မရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိမြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းနှစ်ခုထိုးနေပြီး တောင်ပိုင်းအခြမ်းရှိ ကျေးရွာသုံးခုထက်မနည်း မီးရှို့ခံထားရကာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပြာကျခဲ့​သည်။

ထိုစစ်ကြောင်းကို မေ ၂ ရက်ကစ၍ ၅ရက်အထိပြောက်ကျားတိုက်ခိုက်မှုနှင့်အတူ မေ ၁၂ ရက်က မိုင်းအလုံး ၁၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၃၀ထက်မနည်း သေဆုံးကြောင်း ဒေသခံပြည်သူ့တပ်ဖွဲ့များက အသိပေးထားသည်။


People's Spring 

ပျူ​များလိုက်လာ​သော ရိက္ခာကားကိုတိုက်ခိုက်ရာ ပျူ​ခေါင်း​ဆောင်အပါအဝင်​လေးဦး​သေ ပျူ​များလိုက်လာ​သော ရိက္ခာကားကိုတိုက်ခိုက်ရာ ပျူ​ခေါင်း​ဆောင်အပါအဝင်​လေးဦး​သေ Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.