မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာအနီးတစ်ဝိုက် မေလ (၂၀)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၅)ဦး သေဆုံးကြောင်း ယောဒေသတော်လှန်ရေးတပ်ပေါင်းစု(YRPA)က ထုတ်ပြန်သည်။
အင်အား(၁၀၀)ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် ယောဒေသတော်လှန်ရေးတပ်ပေါင်းစု(YRPA)ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲမှာ တစ်နာရီဝန်းကျင် ကြာမြင့်ခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
"မီတာ ၃၀၀ အထိ အနီးကပ် သွားရောက် တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုများမှ ရန်သူ့ပစ်မှတ်များသို အကြိမ်ရေ ငါးဆယ်ကျော်ထိမှန်ခဲ့ပြီး ရန်သူထိခိုက်ဆုံးရှုံးမှု ပိုများနိုင်သည်။"ဟု ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း YRPA နှင့်အတူ နပတ DRONE တပ်ရင်းမှလည်း ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း သိရသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။
Tachileik News Agency

No comments:
Post a Comment