မုံရွာ-မန္တလေးကားလမ်းအတိုင်း ဆင်းလာသော စကစယာဉ်တန်းအား ဒေသခံမဟာမိတ်အဖွဲ့များ မိုင်းဆွဲတိုက်ခိုက်၊ စကစတပ်သား (၂၀) ထက်မနည်းသေဆုံး (ရုပ်သံ)


မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပိုင်းအတိုင်း မန္တ​လေးမှဆင်းလာသော စကစအင်အား (၄၀) ခန့်ပါဝင်သော အံစာတုံးကား(၂)စီးအား ဂွေးပင်တော-ဘိုးမင်းကြီးကင်းကြားရှိ တံတားပေါ်တွင် ဒေသခံမဟာမိတ်အဖွဲ့များမှ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

" မနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ Chaung U Revolution Army တပ်ခွဲ (၂) မိုင်းအဖွဲ့နှင့် Farmer Rvolution Force CHU - FRF ညီနောင်မဟာမိတ်(၂)ဖွဲ့ဦးဆောင်၍ ပဒေသာမိုင်းများ၊တဖက်ပွင့်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အံစာတုံးကားနှစ်စီးမှာ ပက်လက်လှန်၍တစ်စီးမှာ ချောက်ထဲသို့ပြုတ်ကျသွားပြီး စကစအကောင်ရေ (၂၀) ထက်မနည်းသေဆုံးပီး အများပြား ဒဏ်ရာရရှိသွားကြောင်း မြေပြင်သတင်းများအရသိရပါသည် " ဟု Chaung U Revolution Army - 2 ကထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးအား ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် Chaung U Revolution Army(CRA) Farmer Revolution Force CHU(FRF)Black Eagle Defence Force MMU ကန္တာရသိန်းငှက် CDSOM Myinmu Civil Revolution Fore(CRF) ဇာမဏီတပ်ဖွဲ့ စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။



PDF Newsflash

မုံရွာ-မန္တလေးကားလမ်းအတိုင်း ဆင်းလာသော စကစယာဉ်တန်းအား ဒေသခံမဟာမိတ်အဖွဲ့များ မိုင်းဆွဲတိုက်ခိုက်၊ စကစတပ်သား (၂၀) ထက်မနည်းသေဆုံး (ရုပ်သံ) မုံရွာ-မန္တလေးကားလမ်းအတိုင်း ဆင်းလာသော စကစယာဉ်တန်းအား ဒေသခံမဟာမိတ်အဖွဲ့များ မိုင်းဆွဲတိုက်ခိုက်၊ စကစတပ်သား (၂၀) ထက်မနည်းသေဆုံး (ရုပ်သံ) Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.