ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေ

မေလ ၂၇ ရက်၊ ရွာငံ

ရှမ်းတောင် ဓနုဒေသ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက်ဆိုပြီး စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေတယ်လို့ ဒေသခံက ရွှေဖီမြေကို ပြောပါတယ်။

ဓနုပြည်သူ့စစ်ထဲ ဝင်သွားသူရှိသလို တချို့ဒေသခံတွေက စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် မဖြစ်မနေ ဝင်လိုက်ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အမည်မဖော်လိုသူ ရွာငံမြို့ခံတစ်ဦးက “သူတို့ လူကောက်တယ်ဆိုတာ ဟုတ်တယ်။ တချို့သူတွေက ထွက်ပြေးလို့လည်း မရဘူး။ ထွက်ပြေးလာတာနဲ့ သူက သတ်ပစ်လိုက်တယ်။ သတ်ပစ်ခံရတဲ့သူလည်း ရှိခဲ့တယ်။ သူ့အလောင်းတောင်မှ ပြန်မရဘူး။ စကစက ပြောတယ်။ မသွားချင်ရလည်းရတယ်။ ဒါပေမဲ့ ရွာအပြင် မထွက်ရဘူး။ တွေ့တာနဲ့ သတ်ပစ်မယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က နဘန်းကြီးကျေးရွာမှ လူထုနေအိမ် ၆ လုံးကို မီးရှို့ပစ်လိုက်တယ်လို့ ၎င်းက ဆိုပါတယ်။

“အခုလောလောဆယ်တော့ စစ်ရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်။ အစားအသောက်ပိုင်းလည်း တော်တော်လေး ဒုက္ခရောက်နေတယ်။ ထမင်းနပ်မှန်အောင်လည်း မစားရဘူး။ တောထဲမှာ ခိုလှုံနေရတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်မှာ စစ်ရှောင်တွေအတွက် သွားရောက်ကူညီတဲ့ လူမှုကူညီရေးအသင်းတသင်းင်းရဲ့ စားသောက်ကုန်တွေကို စစ်တပ်က သိမ်းယူခဲ့တဲ့အပြင် အဖွဲ့သား ၂ ဦးကိုလည်း ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ သတင်းအစအန မရသေးဘူးလို့ သိရပါတယ်။

အလှူရှင်တွေ လှူလာတဲ့ စားနပ်ရိက္ခာတွေဟာ စစ်ရှောင်ရှိရာသို့ အပြည့်အဝ ရောက်မလာတာကြောင့် ကုန်ခြောက်တွေ မလှူပဲ KBZ-Pay ကနေတဆင့် လှူဒါန်းပေးကြဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

ရွာငံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဒေသခံ (၁၀)ဦးထက်မနည်းကို သတ်ပစ်ခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀)ဦးဝန်းကျင်နဲ့ နေအိမ် (၁၀)လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။


Shwe Phee Myay News Agency 

ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေ  ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေ Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.