ဆင်ပွတ်ကြီးရွာမှ သွေးသောက်အဖွဲ့ ဒုခေါင်းဆောင် ၂ ဦးကို တော်လှန်ရေးအဖွဲ့များ ရှင်းလင်း


မန္တလေး၊ မေ ၁၀ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဆင်ပွတ်ကြီးရွာမှ သွေးသောက်အဖွဲ့၏ ဒုခေါင်းဆောင် ၂ ဦးကိုရှင်းလင်းခဲ့ ကြောင်း မန္တလေးမဟာမိတ်တပ်ပေါင်းစုများက ယနေ့သတင်းထုတ်ပြန်သည်။ 

"သွေးသောက်ဆိုတာ အပြစ်မရှိတဲ့သူတွေကို သတ်တဲ့အဖွဲ့ပါ။ သူတို့ကိုရှင်းဖို့ PDF တွေက အမြဲစောင့်ကြည့်နေ တာမို့ ကိုယ့်မိသားစုကိုချစ်ရင် အလင်းဝင်ကြပါ"ဟု Ranger Of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်က လူငယ့်ခေတ်သို့ ပြောသည်။ 

ဆင်ပွတ်ကြီးရွာမှာ ဖြိုးကျော်နှင့်မုန့်နီ ဆိုသူ ၂ ဦးကို မန္တလေး၊ လမ်း (၃၀) မြို့ပတ်လမ်းမှာ ရှင်းလင်းခဲ့ရာ နေရာမှာ ပင် သေဆုံးသွားကြောင်း သိရသည်။ 

ဆင်ပွတ်ကြီးသွေးသောက်အဖွဲ့သည်  NLD အမတ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်အုပ်စုက ချထားပေးသည့် လက်နက်များကို ကိုင်ဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟုဆိုကာ လက်နက်ကိုင်ရမ်းကားနေသည့် အဖွဲ့ဖြစ် ကြောင်းလည်း တပ်ပေါင်းစုကဆိုသည်။ 

မန္တလေးတိုင်းတွင် သွေးသောက်အဖွဲ့ဟုဆိုကာ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ဖြစ် သည်။ 

ထို့ပြင် ယနေ့နံနက်တွင်လည်း တံတားဦးလေဆိပ်တွင် သွေးသောက်အဖွဲ့လည်ဆွဲဖြင့် သတ်ဖြတ်ခံထားရသူ ပြည်သူ ၂ ဦး၏ ရုပ်အလောင်း စွန့်ပစ်ခံထားရပြီး မည်သူများဖြစ်ကြောင်းကိုမူ မသိရသေးပေ။ 


Lu Nge Khit

ဆင်ပွတ်ကြီးရွာမှ သွေးသောက်အဖွဲ့ ဒုခေါင်းဆောင် ၂ ဦးကို တော်လှန်ရေးအဖွဲ့များ ရှင်းလင်း ဆင်ပွတ်ကြီးရွာမှ သွေးသောက်အဖွဲ့ ဒုခေါင်းဆောင် ၂ ဦးကို တော်လှန်ရေးအဖွဲ့များ ရှင်းလင်း Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.